ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ စသည့်နေရာများတွင် ပေါက်ကွဲသံများကြားရ

ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ စသည့်နေရာများတွင် ပေါက်ကွဲသံများကြားရ

စက်တင်ဘာ ၁၇

ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ စသည့် နေရာများတွင် ပေါက်ကွဲသံများကြားရကြောင်း ယင်းမြို့နယ်တွင် နေထိုင် သူများအပြောအရသိရသည်။

" အိမ်ပါတုန်တယ်။ ပေါက်တဲ့နေရာကတော့ သိပ်ဝေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်နေရာဆိုတာကို မသိရဘူးဖြစ်နေတယ်" ဟု ပုဇွန်တောင် မြို့နယ်တွင် နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းရှိ YMBA ရုံးရှေ့တွင် စစ်ကောင် စီက ကားများကို စစ်ဆေးလျက်ရှိသည်။

ရွှေပြည်သာမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီများ တပ်စွဲထားသည့် ရွှေပြည်သာရုပ်ရှင်ရုံဝန်း အနီးတွင် ည ၇ နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများက ဆိုသည်။

" ပေါက်တာ အသံတော့ တော်တော်ကျယ်တယ်။ ပေါက်တော့ အဲ့ဒီပတ်ဝန်း ကျင်နား အစစ်အဆေးလုပ်တယ်။ ခဏနေတော့ မြို့နယ်ထဲ ကားတွေဆိုင်ကယ် တွေနဲ့ ပတ်နေတာတွေ့တယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ည ၈ နာရီ ၁၅ မိနစ်ခန့်ကလည်းမြောက်ဥက္ကလာမြို့နယ် မဂ်လာဒုံလေဆိပ်သို့ သွားသည့် လမ်းပေါ်တွင်လည်း ပေါက်ကွဲသံကြားခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

အင်းစိန်တွင်လည်း ဗဟိုအကျဉ်းထောင်ရှေ့နှင့် ခလရ (၁၆) တပ်စွဲထားသည့် နေရာ နှစ်ခုတွင် ပေါက်ကွဲမှု စုစုပေါင်း လေးခုဖြစ်ပွားခဲ့သည်။

" ပထမ နှစ်လုံးက ၈ နာရီစွန်းစွန်းလောက်မှာ ကြားတာ။ နောက် နှစ်လုံးက နာရီဝက်လောက်ခြားတယ်။ အသံတွေကတော့ အကျယ်ကြီးပဲ။ ပထမပေါက် တာက အိမ်တွေတောင် တုန်တယ်" ဟု အင်းစိန်ဒေသခံကဆိုသည်။

မြောက်ဒဂုံမြို့နယ်တွင်လည်း ပေါက်ကွဲသံများ အနည်းဆုံး နှစ်ကြိမ်ခန့် ကြားခဲ့ ရသည်ဟု ဒေသခံများက ဆိုသည်။

" ၈ နာရီ ထိုးပြီးလောက်မှာ အသံကြားတာ။ တစ်ကြိမ်ပေါက်ပြီး နာရီဝက် ၁၅ မိနစ်လောက်မှာ နောက်တကြိမ် ထပ်ကြားတာ။ ဘယ်နေရာဆိုတာတော့ မသိဘူး" ဟု မြောက်ဒဂုံဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ညပိုင်းတွင် ခရမ်းမြို့နယ်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ခရမ်းမြို့အဝင်နှင့် အထွက်အား စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly