ဘောလုံးရာသီသစ်အတွက် ဇေယျာရွှေမြေအသင်း ပြည်ပကစားသမား သုံးဦး ခေါ်ယူ

ဘောလုံးရာသီသစ်အတွက် ဇေယျာရွှေမြေအသင်း ပြည်ပကစားသမား သုံးဦး ခေါ်ယူ
 ဇေယျာရွှေမြေအသင်းခေါ်ယူခဲ့သော နိုင်ငံခြားသားကစားသမား ၃ဦးကို တွေ့ရစဉ်။

ဒီဇင်ဘာ ၁၇၊ ရန်ကုန်။            ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇေယျာရွှေမြေအက်ဖ်စီ အသင်းသည် ပြည်ပကစားသမား သုံးဦးကို ခေါ်ယူခဲ့သည်။

၂၀၁၅ နေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တန်းဆင်းဇုန် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည့်အပြင် ဘောလုံးရာသီ အကုန်တွင် အဆင့် ၈ နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် ဇေယျာရွှေမြေအသင်းသည် လာမည့် ဘောလုံးရာသီ သစ်တွင် ရပ်တည်မှုကောင်းမွန်စေရန်အတွက် နိုင်ငံခြားကစားသမား သုံးဦး   ဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

ဇေယျာရွှေမြေအသင်း ခေါ်ယူခဲ့သည့် နိုင်ငံခြားကစားသမားသုံးဦးမှာ အီတလီ တိုက်စစ်မှုး ဗစ်တာကော်တို ၊ ခံစစ်မှုး ဒီဒီ ဂူစမန်ဝမ် နှင့် အီဘရာဟင် တို့ ဖြစ်ကြသည်။

ခေါ်ယူခဲ့သည့် နိုင်ငံခြားကစားသမား သုံးဦးအနက် တိုက်စစ်မှူး ဗစ်တာနှင့် ခံစစ်မှူး ဒီဒီတို့သည် ပြီးခဲ့သည့် ၂၀၁၅ အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့က ဇေယျာရွှေမြေအသင်းသို့   ရောက်ရှိလာကြသူများဖြစ်သည်။

၂၀၁၅ ဒုတိယအကျော့ ဘောလုံးရာသီတွင် ၎င်းတို့နှစ်ဦး၏ စွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်သဖြင့် ဇေယျာရွှေမြေအသင်းမှ ထပ်မံ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

ဇေယျာရွှေမြေအသင်း အသစ်ခေါ်ယူခဲ့သော အီဘရာဟင်မှာ တန်းဆင်းသွားခဲ့သည့် မနောမြေ အသင်းမှ နောက်ခံကစားသမားဖြစ်ပြီး မနောမြေအသင်းအတွက် အဖိုးတန်ဂိုးများ သွင်းယူပေးနိုင်ခဲ့သည့် ကစားသမား တစ်ဦး လည်းဖြစ်သည်။

ဇေယျာရွှေမြေအသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် ငါး ပွဲနိုင်၊ ရှစ်ပွဲ သရေ။ ကိုးပွဲ ရှုံး ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly