မှော်ဘီ စစ်သေနတ်ပစ်ကွင်း ပြန်လေ့ကျင့်

မှော်ဘီ စစ်သေနတ်ပစ်ကွင်း ပြန်လေ့ကျင့်

စက်တင်ဘာ ၁၇

စစ်အာဏာသိမ်းပြီးတည်းက ပိတ်ထားခဲ့သည့် မှော်ဘီမြို့နယ်၊ စစ်ကောင်စီတပ် သေနတ်ပစ်ကွင်းမှာ စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ ပြန်ဖွင့်ကာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်နေကြကြောင်း ဒေသခံများအပြောအရသိရသည်။

မှော်ဘီအမျိုးသမီးဗိုလ်လောင်း လေ့ကျင့်ရေးသင်တန်းကျောင်းအနီးရှိ အဆိုပါ သေနတ်ပစ်ကွင်းမှာ COVID-19 အခြေအနေနှင့် အာဏာသိမ်းမှု အခြေအနေ များကြောင့် ခုနှစ်လကျော်တိုင်ပိတ်ထားခဲ့ရသော စစ်တပ်လေ့ကျင်းကွင်းဖြစ် သည်။

အဆိုပါကွင်းတွင် မှော်ဘီမြို့နယ်တွင်ရှိ ခြေလျင်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်နှစ်တပ်နှင့် ‌သံချပ်ကာတပ်တို့ လေ့ကျင့်ကြလေ့ရှိသည်။

“ အသံမကြားတာ ကြားပါပြီ။ အာဏာသိမ်းပြီးတည်းက။ မနေ့ကမှ စပြီးကြားတာ။ ကြားကြားချင်း သေနတ်တွေ၊ ဗုံးတွေနဲ့ တိုက်နေတာမှတ်လို့။ မကြားတာကြာတော့ မေ့နေတာ။ ” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly