ဒေါပိုးစီရွာနှင့် စံပြ (၆)မိုင်ကျေးရွာအနီး တိုက်ပွဲတွင် KA ဘက်မှ တပ်ကြပ်ကြီးတစ်ဦးကျဆုံး

ဒေါပိုးစီရွာနှင့် စံပြ (၆)မိုင်ကျေးရွာအနီး တိုက်ပွဲတွင် KA ဘက်မှ တပ်ကြပ်ကြီးတစ်ဦးကျဆုံး

စက်တင်ဘာ ၁၇

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အနီး၊ ဒေါပိုးစီရွာနှင့် စံပြ (၆) မိုင်ကျေးရွာ ဒေသတဝိုက် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် ကရင်နီတပ်မတော် (KA) ဘက်မှ တပ်ကြပ်ကြီးတစ်ဦးကျဆုံးကြောင်း ကရင်နီသတင်းအချက်အလက်စင်တာ ( KnIC) တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၆ ရက် ည ၇ မှ ၈ နာရီ ဝန်းကျင်အထိ ကရင်နီတပ်မတော် (KA) ၊ KNDF တို့ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) ဘက်မှ တပ်ကြပ်ကြီး နားရယ်(အယ်ဒီ)သည် လက်နက်ကြီးထိမှန်၍ တောတွင်းဆေးခန်း တစ်နေရာတွင် ဆေးကုသခံ နေစဉ်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်အုပ်စုဘက်က လေးဦး သေဆုံးကြောင်း KNDF က ထုတ်ပြန်ခဲ့သည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီရွာ၊စံပြ (၆) မိုင်ကျေးရွာနှင့် ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာ၊ လွိုင်ကော်- ဒီးမော့ဆို-ဖရူဆို လမ်းတစ်လျှောက်တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် KNDF မှ အသိပေးထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly