မဟာဗန္ဓုလတံတားအဆင်းတွင် စစ်ဆေးရေးပိုကြပ်

By OAK
17 September 2021
မဟာဗန္ဓုလတံတားအဆင်းတွင် စစ်ဆေးရေးပိုကြပ်

စက်တင်ဘာ ၁၇

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလ တံတားအဆင်းတွင် ယနေ့ စက်တင်ဘာ ၁၇ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးပိုတင်းကြပ်လာသည်။

"ယာဉ်တိုင်းကိုစစ်တာ ကားပေါ်က လူတွေအကုန်ဆင်းခိုင်းပြီးတော့ လိုင်းကားပေါ်တွေလည်း တက်ပြီးစစ်တယ်။ ကွန်တိန်နာကားတွေကိုတော့ မစစ်ဘူး"ဟု ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ညနေ ၄ နာရီခန့်မှ စတင်ကာ တံတားအဆင်းကို ပိတ်ဆို့ပြီး ကားများကို စစ်ဆေးနေခြင်းဖြစ်သည်။ ယခင်နေ့များကမူ ကားများကိုသာ စစ်ဆေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly