တရုတ်နိုင်ငံ ဖုကျန့်ပြည်နယ်ရှိ ကျောင်းတွင် ကိုဗစ်-၁၉ Delta မျိုးစိတ် ဖြစ်ပွားနေ

တရုတ်နိုင်ငံ ဖုကျန့်ပြည်နယ်ရှိ ကျောင်းတွင် ကိုဗစ်-၁၉ Delta မျိုးစိတ် ဖြစ်ပွားနေ

တရုတ်နိုင်ငံ၊ တောင်ပိုင်းပြည်နယ်ဖြစ်သော ဖုကျန့်ပြည်နယ်ရှိ မူလတန်းကျောင်းတွင် ကိုဗစ်-၁၉ Delta မျိုးကွဲ ကူးစက်မှုဖြစ်ပွားခြင်းကြောင့် ကန့်သတ်တားမြစ်ချက်များကို မဖြစ်မနေထုတ်ပြန်ထားရသည်။

တရုတ်၏ ပထမဆုံးသောကျောင်းကို ဗဟိုပြုသည့် ကူးစက်ပျံ့နှံ့ဟု အမည် ပေးထားသော ရောဂါဖြစ်ပွားမှုကို ပူထန်းမြို့ရှိ မူလတန်းကျောင်းတစ်ကျေင်းတွင် စက်တင်ဘာ ၁၀ရက်က တွေ့ရှိခဲ့ရကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြသည်။

အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲသည်ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့ခဲ့ပြီး၊ မြို့ ၃ မြို့တွင်လူ ၁၀ဝ ကျော်ကူးစက်ခဲ့သည်ဟု CNN က ဖော်ပြခဲ့သည်။

အမျိုးသားကျန်းမာရေးကော်မရှင် (NHC)က စက်တင်ဘာ ၆ရက်တွင် ဖုကျန့်ပြည်နယ်၌ ရောဂါဖြစ်ပွားမှု ၅၉ ခုကို ထုတ်ပြန်ခဲ့ပြီး ပူထန်းမြို့တွင် ၂၄ ခုနှင့် ခရီးသွားများကြောင့် ကျော်ကြားသောကမ်းရိုးတန်းမြို့ဖြစ်သည့် ရှားမင်းမြို့တွင် ၃၂ ခုရှိခဲ့သည်။

အဆိုပါ မြို့ ၂ မြို့၌ နေထိုင်သူအားလုံးအား ကိုဗစ်စမ်းသပ်ခြင်းကို စက်တင်ဘာ ၇ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

ရှင်ယိုရှိ မူလတန်းကျောင်းတစ်ကျောင်းရှိ ကျောင်းသားများတွင် ပထမဆုံးတွေ့ရှိခဲ့မှုသည် ဖုကျန်ပြည်နယ်တွင် နောက်ဆုံးရောဂါကူးစက်မှုဖြစ်သည်။ ထိုအချိန်မှစ၍ မူကြိုကျောင်းများနှင့် မူလတန်း ကျောင်းအတော်များ များတွင် ကျောင်းသားများတွင် ရောဂါပိုးကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရသည်။

ပူထန်းမြို့တွင် သူငယ်တန်းကျောင်းသား၈ ဦး နှင့် မူလတန်းကျောင်းသား ၂၈ ဦး ကူးစက်ခံရကြောင်း အစိုးရက ပြောကြားခဲ့သည်။

ရှားမင်းနှင့် ပူထန်းမြို့တို့တွင် ကျောင်းများနှင့် မူကြိုကျောင်းများကို ပိတ်လိုက်ပြီး အွန်လိုင်းမှ သင်ကြားရန် အမိန့်ထုတ်ခဲ့သည်ဟု CNN ကဖော်ပြခဲ့သည်။

လူဦးရေ ၃ သန်းခန့်ရှိသော ပူထန်းမြို့ နှင့် ၅ သန်းခန့်ရှိသော ရှားမင်းမြို့တို့မှ ဒေသခံများအား မဖြစ်မနေသွားရသောခရီးများမှ အပပြင်ပသို့ မထွက်ခွာရန် မြို့ ၂ မြို့စလုံးတွင် အမိန့်ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly