ဂျပန်နှင့် ဗီယက်နမ်တို့ကအကြား ကာကွယ်ရေးနည်းပညာဆိုင်ရာ စာချုပ် ချုပ်ဆို

By The Singapore Post
17 September 2021
ဂျပန်နှင့် ဗီယက်နမ်တို့ကအကြား ကာကွယ်ရေးနည်းပညာဆိုင်ရာ စာချုပ် ချုပ်ဆို

ဂျပန်နှင့် ဗီယက်နမ်တို့က ကာကွယ်ရေးပစ္စည်းများနှင့် နည်းပညာများကိုဝေမျှနိုင်သည့် ကာကွယ်ရေးနည်းပညာ လွှဲပြောင်းရေးဆိုင်ရာ စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီက သဘောတူညီချက်သည် ယင်းတို့၏ ကာကွယ်ရေး မိတ်ဖက်ဖြစ်ခြင်း ကို အဆင့်သစ် သို့ မြှင့်တင်ပေးလိုက်ပြီး နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် အခြားနည်းလမ်းများဖြင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းစေရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်။

ရေတပ်သင်္ဘောများအပါအဝင် သီးခြားကိရိယာများ လွှဲပြောင်းခြင်းနှင့် ပတ်သက်သော အသေးစိတ် အချက် အလက်များကို နောက်ဆက်တွဲ အစည်းအဝေးများတွင် အပြီးသတ်ဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဟနွိုင်းမြို့တွင် ဂျပန်ကာကွယ်ရေးဝန်ကြီး ကီရှီနှင့် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည်လည်း ဗီယက်နမ်သို့ ၂ရက်ကြာအလည်အပတ်ခရီး ရောက်ရှိနေသည်။

အဆိုပါ ခရီးစဉ်အတွင်း တရုတ်က ကိုဗစ်ဗိုင်းရပ်စ်ကာကွယ်ဆေး ၃ သန်းကို ဗီယက်နမ်သို့ လှူဒါန်းရန်စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် သည် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရန် ဗီယက်နမ်သို့ လာရောက်ပြီးနောက် နှစ်ပတ်အကြာတွင် ယခုသဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ဒုသမ္မတ ကမလာဟဲရစ်က တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အနိုင်ကျင့်မှုကို ဆန့်ကျင် ရန် နိုင်ငံများအား တိုက်တွန်းခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ကာကွယ်ရေးဝန်ကြီး ၂ဦးတို့သည်အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်စွာသွားလာ ပျံသန်းခွင့်၏ အရေးပါပုံနှင့် ဆိုက်ဘာလုံခြုံရေးအပါအဝင် ကာကွယ်ရေးကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly