လက်သင့်ရာနဲ့ သွားတဲ့ စီးပွားရေးစနစ် ပြန်လည်လာပြီလား

လက်သင့်ရာနဲ့ သွားတဲ့ စီးပွားရေးစနစ် ပြန်လည်လာပြီလား

စက်တင်ဘာလ ၁၇ ရက်

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ လက်သင့်ရာ စားတော်ခေါ်၊ ဆရာမွေး သူကောင်းပြု စီးပွားရေးစနစ်နဲ့ ယဉ်ပါးခဲ့၊ ကျင့်သားရခဲ့ပြီး ဖြစ်ပါတယ်။ ဒီစီးပွားရေးစနစ်ပုံစံကို ပြုပြင်ပြောင်းလဲဖို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လုပ်ဆောင်မှုတွေ ရှိခဲ့သလို NLD အစိုးရလက်ထက်မှာလည်း အင်တိုက် အားတိုက် လုပ်ဆောင်ခဲ့ပါတယ်။ စျေးကွက်စီးပွားရေးစနစ် ပီပြင်ဖို့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အစိုးရနဲ့ လွှတ်တော်က ပြဋ္ဌာန်းပေးခဲ့သလို စီးပွားရေးနယ်ပယ်ထဲ အစိုးရလက်တံ ထည့်ဝင်ထားမှုကို တတ်နိုင်သမျှ တစ်ဆင့်ချင်းစီ လျှော့ချခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်မှာ နိုင်ငံ့စီးပွားအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့သလို အထက်တန်းလွှာ ခေတ်ပညာတတ်တွေကို ခေါင်းဆောင်မှုနယ်ပယ်ထဲ ဆွဲသွင်းတာတွေ လုပ်ခဲ့ပါတယ်။ ထို့နည်းတူ စျေးကွက်စီးပွားရေးစနစ် ပိုပြီးပီပြင်လာဖို့၊ နိုင်ငံ့စီးပွား တိုးတက်လာဖို့ တချိန်က စစ်အုပ်စုနဲ့ လက်တွဲခဲ့တဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကို ညှိနှိုင်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ၁၀ နှစ်တာကာလအတွင်း လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အဟောသိကံဖြစ်ကုန်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly