မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး ဗုံးပေါက်ကွဲ

မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး ဗုံးပေါက်ကွဲ

စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံးကို ယနေ့ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ - MPDF ကိုယ်စားပြုအဖွဲ့က ပြောသည်။

မုံရွာမြို့နှင့် မြို့နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေသည့် မြန်မာဘီယာရုံးသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့်အတွက် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

“စစ်ကောင်စီရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ မုံရွာတစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ Myanmar Beer ရုံးကို သံမဏိတပ်ဖွဲ့ ဖောက်ခွဲပညာရှင် ခွန်ဆာတို့အဖွဲ့မှ ဖောက်ခွဲသတိပေးခဲ့ပါတယ်” ဟု သံမဏိနှင့် အဖွဲ့သားများ - MPDF ကိုယ်စားပြုအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ထိုဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီကျော်အချိန်တွင်လည်း မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်ရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့‌သေးသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ငွေကြေးစီးဆင်းမှုကို အမြစ်ပြတ်ချေမှုန်းရန်အတွက် မုံရွာ Mytel ရုံးကို ဗုံးဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ- MPDF ကိုယ်စားပြု တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly