ဒီးမော့ဆိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ဒီးမော့ဆိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

စက်တင်ဘာ ၁၆

ကယား(ကရင်နီ) ပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း ကရင်နီအမျိူးသားများ ကာကွယ်ရေးတပ်(KNDF)မှ ထုတ်ပြန်ထားသည်။

ယနေ့စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် ဒီးမော့ဆိုမြို့နယ် (၆) မိုင်ကျေးရွာနားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ကရင်နီတပ်မတော် (KA)နှင့် KNDF တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် ထွီလွှီးဘီလာ ကျေးရွာအနီး ခြေရာတော်တောင်ပေါ်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် တစ်ဖက်သတ် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ ဒီးမော့ဆိုမြို့နယ်၊‌ ဒေါပိုးစီနှင့် စံပြ (၆) မိုင်ကျေးရွာနှင့် ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာ၊ လွိုင်ကောင်- ဒီးမော့ဆို-ဖရူဆို လမ်းတစ်လျှောက်တို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ခရီးသွားဖြတ်သန်းသွားလာခြင်းမပြုရန် KNDF မှ အသိပေးထုတ်ပြန်လိုက်သည်။

ယမန်နေ့ စက်တင်ဘာ ၁၅ ရက်တွင်လည်း၊ ဒီးမော့ဆိုမြို့နယ် ထွီလွှီးဘီလာ ကျေးရွာအနီး ခြေရာတော် တောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်နီ တပ်မတော်အဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly