အိန္ဒိယအောက်လွှတ်တော် ဥက္ကဌနှင့် ဘင်္ဂလားဒေ့ရှ် ဥပဒေပြုလွှတ်တော် အကြီးအကဲတို့ ဩစတြီးယားတွင် တွေ့ဆုံ

အိန္ဒိယအောက်လွှတ်တော် ဥက္ကဌနှင့် ဘင်္ဂလားဒေ့ရှ် ဥပဒေပြုလွှတ်တော် အကြီးအကဲတို့ ဩစတြီးယားတွင် တွေ့ဆုံ

အိန္ဒိယနိုင်ငံ အောက်လွှတ်တော် ဥက္ကဌအွမ်ဘာလာသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဥပဒေပြုလွှတ်တော် အကြီးအကဲ ရှီရင်ရှာမင်ချာဓူရီအား ၅ ကြိမ်မြောက် လွှတ်တော် ဥက္ကဌများဆိုင်ရာ ကမ္ဘာ့ညီလာခံ ကျင်းပသည့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ စက်တင်ဘာ ၈ ရက်က တွေ့ဆုံခဲ့ရာတွင် ပါလီမန်များ၏ အကောင်းဆုံး ဆောင်ရွက်ရန်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး၊ အိန္ဒိယက ကမ္ဘာ့နိုင်ငံများသို့ အကူအညီပေးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအစီအစဉ် Vaccine Maitri ၊ အမျိုးသမီးတို့၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ စွမ်းရည်တည်ဆောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း တိုးတက်ဖွံ့ဖြိုးလာမှု ၇၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်သည့် Amrit Mahotsav ပွဲတော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးရရှိသည့် ရွှေရတုနှစ်အတွက်လည်း ၎င်းတို့နှစ်ဦးက အပြန်အလှန် နှုတ်ခွန်းဆက်သ ဆုတောင်းခဲ့ကြသည်။

“အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးကို များစွာ တန်ဖိုးထားကြောင်း ထပ်မံပြောကြားခဲ့သလို ပါလီမန် ၂ ခုအကြား အကောင်းဆုံး ဆောင်ရွက်ရေး အပါအဝင် ကိစ္စရပ်အများအပြားကို ဒေါက်တာရှာမင်နဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု ဘာလာက သူ၏ တွစ်တာတွင် ရေးသားထားသည်။

ဩစတြီးယား ပါလီမန်၊ ပါလီမန်များ သမဂ္ဂနှင့် ကုလသမဂ္ဂတို့က ပူးပေါင်းကျင်းပသည့် အဆိုပါ ညီလာခံသို့ အိန္ဒိယပါလီမန်ကိုယ်စားလှယ်အဖွဲ့အား ဘာလာက ဦးဆောင်တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly