တရုတ်က ၉/၁၁ ဖြစ်ရပ်ဆိုးကို အသုံးချကာ ရှင်ကျန်းတွင် ဖိနှိပ်ခဲ့

တရုတ်က ၉/၁၁ ဖြစ်ရပ်ဆိုးကို အသုံးချကာ ရှင်ကျန်းတွင် ဖိနှိပ်ခဲ့

တရုတ်ပြည်ကို အုပ်ချုပ်နေသာ ကွန်မြူနစ်ပါတီက ၉/၁၁ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော နိုင်ငံတကာ ၏ အကြမ်းဖက်ဝါဒကို စက်ဆုပ်မှုကို အသုံးချပြီး ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမွတ်စလင်များကို ဖိနှိပ်ရန် ပြန်လည်ဇာတ်လမ်းဆင်ခဲ့သည်ဟု Politico က ဖော်ပြခဲ့သည်။

၂၀ဝ၁ ခုနှစ်အမေရိကန်တွင် တိုက်ခိုက်မှုများပြီးနောက် ထိုစဉ်က တရုတ်သမ္မတ ကျန်ဇီမင်းက အမေရိကန် သမ္မတဟောင်း ဂျော့်ဘုချ်ထံသို့ တရုတ်အစိုးရ၏ စာနာမှုနှင့် ဝမ်းနည်းမှု ကို ဖော်ပြထားသော ကြေးနန်း တစ်စောင်ကို ပေးပို့ခဲ့သည်။

အောက်တိုဘာလတွင် ၎င်းတို့ ၂ဦး တွေ့ဆုံခဲ့ရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်သည်ကို ဂျော့ဘုချ်က ချီးကျူးခဲ့ပြီး "ဒီလိုခက်ခဲတဲ့အချိန်ကာလအတွင်းမှာ တရုတ်က အမေရိကန်နဲ့ ကျွန်တော်တို့ ပြည်သူတွေနဲ့ အတူရပ်တည်မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး" ဟု သူက ပြောကြားခဲ့သည်။

“ အမေရိကန်က အကြမ်းဖက်သမားများအတွက် လူ့အခွင့်အရေးကိစ္စများကို စဉ်းစားရန်မလိုသည့် နည်းလမ်း များစွာ ချမှတ်ခဲ့ခြင်းကြောင့် ရှင်ကျန်းကို အကြမ်းဖက်ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ခြင်းက နိုင်ငံ တကာအမြင်တွင် ယင်းလုပ်ရပ်များနှင့် ပတ်သက်ပြီး ရုတ်တရက် တရုတ်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်များစွာ ပေးခဲ့သည်” ဟု ဂျော့ဝါရှင်တန်တက္ကသိုလ် နိုင်ငံတကာရေးရာ အီလွိုက်ကျောင်းမှ တွဲဖက်ပါမောက္ခ ဆန် အာရောဘတ်စခ် က ပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုအနေဖြင့် အမေရိကန်က အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ အာရုံစိုက်မှုနှင့် တပ်များပေးပို့နေစဉ် တရုတ်က ဟန်လူမျိုးအများစု၏ ထူးခြားသောဝိသေသလက္ခဏာဖြင့် မငြိမ်မသက်ဖြစ်နေသည့် တိုင်းရင်းများနှင့် ဘာသာရေးလူနည်းစု ဒေသများတွင် ဗဟိုအစိုးရ၏ အာဏာကို တည်မြဲအောင် ပြုလုပ်သည့် ရည်မှန်းချက်ကို အကောင်ထည်ဖော်ခဲ့သည်။

"အမေရိကန်၏ အစ္စလာမ္မစ်အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကြောက်ရွံ့ခြင်းသည် ကွန်မြူနစ်ပါတီအား စိန်ခေါ်မှု များကို တရုတ်အစိုးရ၏ စိုးရိမ်မှုများနှင့် ထပ်တူကြနေသည်” ဟု အမေရိကန်၏ ဗဟိုအာရှနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရစ်ချက်ဘောက်ချာ က ပြောကြားခဲ့သည်။

လအနည်းငယ်အတွင်း တရုတ်၏ ရှင်ကျန်းဇာတ်ကြောင်းသည် တည်ငြိမ်သောဒေသတစ်ခုမှ ပြန့်ကျဲနေသော ခွဲထွက်ရေးဝါဒီများနှင့် အယ်လ်ကိုင်ဒါအဖွဲ့က ရန်ပုံငွေထောက်ပံ့သော အကြမ်းဖက်အဖွဲ့များ ဝန်းရံနေသော စစ်မြေပြင်တစ်ခုအဖြစ်သို့ ရောက်သွားတော့သည်။

အမေရိကန်အစိုးရသည် ထိုအချိန်ကလူသိနည်းသောအဖွဲ့အစည်းဖြစ်သည့် အရှေ့တာကစ္စတန် မွတ်စလင် လှုပ်ရှာမှု့အဖွဲ့ (ETIM) ကို နိုင်ငံတကာအကြမ်းဖက်အဖွဲ့တစ်ခုအဖြစ်သတ်မှတ်ခြင်းအားဖြင့် ဇာတ်ကြောင်း ပြောင်းခြင်းကို ထောက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly