တရုတ်နိုင်ငံ ရှားမင်းမြို့တွင် ကိုဗစ်-၁၉ လူနာ ၂ ဦး တွေ့ရှိပြီးနောက် ခရိုင် ၂ ခုကို အသွားအလာ ပိတ်ပင်ထား

တရုတ်နိုင်ငံ ရှားမင်းမြို့တွင် ကိုဗစ်-၁၉ လူနာ ၂ ဦး တွေ့ရှိပြီးနောက် ခရိုင် ၂ ခုကို အသွားအလာ ပိတ်ပင်ထား

တရုတ်နိုင်ငံအရှေ့ပိုင်း ဖုကျန့်ပြည်နယ်ရှိ ကမ်းရိုးတန်းခရီးသွားမြို့တစ်မြို့တွင် ကိုဗစ်-၁၉ လူနာ ၂ဦး တွေ့ရှိပြီး နောက် စက်တင်ဘာ ၁၃ ရက်တွင် ခရိုင် ၂ ခုနှင့် ဆေးရုံ ၁ ရုံကို အသွားအလာ ကန့်သတ်မှု ပြုလုပ်ထားလိုက်သည်ဟု Global Times က ဖော်ပြခဲ့သည်။

ဖုကျန့်ပြည်နယ်တွင် စက်တင်ဘာ ၁၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာအသစ် ၂၀ ဦး တွေ့ရှိခဲ့သည်။

"ဖု့ကျန့်မှာ ပြည်တွင်းကူးစက်ခံရသူ ၂၀ ဦး၊ ပူထန်းမှာ ၁၉ ဦး နှင့် ချင်ကျိုးတွင် ၁ ဦး အပါအဝင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ ၁ ဦးကို အတည်ပြုနိုင်ခဲ့သည်" ဟု အမျိုးသားကျန်းမာရေးကော်မရှင် (NHC) က ပြောကြားခဲ့သည်။

တရုတ်တွင် စက်တင်ဘာ ၁၂ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာ အသစ် စုစုပေါင်း ၄၆ ဦး တွေ့ရှိခဲ့သည်။ ရှားမင်းမြို့သို့ ဆောင်းလယ်ရာသီပွဲတော်ကာလအတွင်း နှစ်စဉ်သန်းနှင့်ချီသော လူများလာရောက် လည်ပတ်လေ့ရှိပြီး ယခုအခါ လတ်တလောကူးစက်မှုများကြောင့် လမ်း ၄လမ်းကို ပိတ်ထားသည်။

စက်တင်ဘာ ၁၃ ရက်က တွန်ဂန်ခရိုင်နှင့် ဆီမင်းခရိုင်ရှိ လမ်း ၄ လမ်းနှင့် ရပ်ကွက်၁ ခု၌ လမ်း ၅ လမ်းကို တားမြစ်ပိတ်ပင်ခဲ့သည်။ တရုတ်အာဏာပိုင်များက ထိုဒေသများအတွင်းနေထိုင်သူများကို အိမ်တွင်း၌သာ နေထိုင်ရန် သတိပေးထားသည်။

စက်တင်ဘာ ၁၂ ရက်ကလည်း ဆီမင်းခရိုင် ဆေးရုံတစ်ခုတွင် ရောဂါကူးစက်ခံရသူ ၁ ဦးကို တွေ့ရှိခဲ့သည်။ ၎င်းသည် ဆေးရုံမှ ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းတစ်ဦး ဖြစ်သည်။

ယခုအချိန်ထိ အတည်ပြုလူနာစုစုပေါင်း ၉၅၁၉၉ ဦး နှင့် သေဆုံးသူ ၄၆၃၆ ဦး ရှိပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။

"စုစု ပေါင်း ၁၁,၇၀,၃၃၉ ဦးသည် ရောဂါဖြစ်ပွားသူများနှင့် အနီးကပ်ထိတွေ့မှုရှိသည်ဟု ပြောဆိုခဲ့ပြီး ၁၂,၁၄၀ ဦးသည် ဆေးကုသမှုခံယူနေဆဲဖြစ်သည်" ဟု NHC က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly