စလင်းမြို့နယ် NLD အလုပ်အမှုဆောင်ကို စစ်ကောင်စီ သေနတ်ဖြင့် ပစ်သတ်

စလင်းမြို့နယ် NLD အလုပ်အမှုဆောင်ကို စစ်ကောင်စီ သေနတ်ဖြင့် ပစ်သတ်

စက်တင်ဘာ ၁၅

မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အလုပ်အမှုဆောင် ဦးနိုင်လင်းကို စစ်ကောင်စီတပ်က ယမန်နေ့က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဒလန် သတင်းပေးမှုကြောင့် စလင်းမြို့နယ် ဝင်ရကျေးရွာသို့ စက်တင်ဘာ ၁၄ရက် မွန်းလွဲ ၂နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ရောက်ရှိလာသည်ဟု ဒေသခံကဆိုသည်။

ထိုသို့ရောက်လာပြီးနောက် စလင်းမြို့နယ်ရှိ ဦးနိုင်လင်းအိမ်ကို ဝိုင်း၍ ပစ်ခတ်ရာ ကျည်ထိမှန်လဲကျသွားသည့် ဦးနိုင်လင်းကို စစ်ကောင်စီတပ်က အချက်ပေါင်းများစွာ ထပ်မံပစ်ခတ်ခဲ့သည်ဟု ပြောသည်။

“စစ်ကောင်စီက အလုပ်အမှုဆောင်နေတဲ့ အိမ်အထိ ဆင်းပြီးပစ်သွားတာ၊ ဒလန်သတင်းပေးချက်အရ သိသွားတာပေါ့။ ညနေ ပိုင်းလောက်မှာ ဝိုင်းပြီးတော့ ပစ်ခတ်ဖမ်းဆီးလိုက်တာ မိသားစုဝင်တော့ လွတ်သွားတယ်။ သူကတော့ ကျည်ထိပြီး သေသွားတယ်” ဟု ဒေသခံက ပြောသည်။

သေဆုံးသွားသည့် ဦးနိုင်လင်း ရုပ်အလောင်းကို စစ်တပ်နှင့် အတူပါ လာသည့် လူနာတင်ယာဉ်ကားဖြင့် သယ်ဆောင်သွားကာ စလင်းဆေးရုံရှိ ရင်ခွဲရုံ၌ ထားရှိထားသည်။

ဦးနိုင်လင်းသည် ကွယ်လွန်ချိန်တွင် အသက် ၄၅နှစ်အရွယ်ရှိပြီဖြစ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required