စစ်ကြောရေးမှာ သေဆုံးသွားသော NLD ပါတီဝင်အလောင်းကို စစ်ကောင်တပ် ခိုးသဂြိုလ်

စစ်ကြောရေးမှာ သေဆုံးသွားသော NLD ပါတီဝင်အလောင်းကို စစ်ကောင်တပ် ခိုးသဂြိုလ်

စက်တင်ဘာ ၁၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဝေါမြို့နယ်မှပါတီဝင်တစ်ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးထားစဉ်သေဆုံးသွားသည့်အခါ မိသားစုကိုအသိမပေးဘဲ ခိုးကြောင်ခိုးဝှက် မီးသဂြိုလ်မှုပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် လက်ပံသုံးပင်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးသန်းအေးကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ဖမ်းဆီးသွားပြီး နေ့တွင်းချင်းပင် သေဆုံးမှုဖြစ်ခဲ့သည်။

”အဲ့နေ့(၁၃ရက်)က ည၈နာရီလောက်မှာ ဆေးရံရင်ခွဲရုံကို အလောင်းလာ ထည့်သွားတာ။ ဆေးရုံရှေ့ကိုလည်း ဘယ်သူမှပေးမဖြတ်ခိုင်းဘူး။ စစ်သား တစ်ယောက်ကင်းစောင့်နေတာ နောက်နေ့မနက် ၆ ခွဲ၊ ၇နာရီလောက်မှာ စစ်တပ်ကပဲ သုဿာန်မှာ သင်္ဂြိုလ်လိုက်တယ်။ မိသားစုကို အကြောင်း မကြားဘူး”ဟု ဆေးရုံနှင့်နီးစပ်သူတဦးမှ မဇ္ဇျိမကို အတည်ပြုပြောကြားသည်။

ဦးသန်းအေးသေဆုံးမှုနှင့်ပတသက်၍ မိသားစုအနေဖြင့် သဂြိုလ်ပြီးမှသာ သိရှိခဲ့ရပြီး သေဆုံးရခြင်းအကြောင်း ရင်းကိုလည်း မသိရှိရသေးဘဲဖြစ်နေသည်။

ဦးသန်းအေးကို ဖမ်းဆီးခဲ့ပြီးနောက် ဝေါမြို့နယ်ထွေအုပ်ချုပ်ရေးရုံးအတွင်း ရိုက်နှက်စစ်ဆေးခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required