ကန်ပက်လက် ဘဏ်ရုံးဝန်းနှင့် လူနေအိမ်တချို့ တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ကန်ပက်လက် ဘဏ်ရုံးဝန်းနှင့် လူနေအိမ်တချို့ တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ကန်ပက်လက် စက်တင်ဘာ-၁၅

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း ၇နာရီ မိနစ်၃၀က စစ်ကောင်စီတပ်များနှင့် CDF(ကန်ပက်လက်)အဖွဲ့ တို့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီး ကျည်များသည် လူနေအိမ်တချို့နှင့် မြန်မာ့စီးပွားရေးဘဏ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

''မနက်ကစပြီး တိုက်ပွဲဖြစ်နေတာ မြို့ထဲကိုလက်နက်ကြီး ကျတာတော့ သုံးနေရာရှိတယ်။ မြို့မ (၁)ရပ်ကွက် ဆေးရုံလမ်းထဲက အိမ်တစ်အိမ်ဆိုရင် ခေါင်းရင်းမှာ တစ်လုံးကျတယ်။ ခြေရင်းမှာ တစ်လုံးကျတယ်။ နောက် ဘဏ်ဝန်းထဲကို တစ်လုံးကျတယ်။ကံကောင်းတာ လူတွေထိခိုက်မှုတော့မရှိဘူး''ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့်မကွေးတိုင်း ဆောမြို့နယ်အကြားတွင် ယမန်နေ့ စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်ကစ၍

CDF- Kanpetlet တပ်နှင့် စကစတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဘက်မှ ၁၀ ယောက် ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း CDF- Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly