ကန်ပက်လက်နှင့် ဆော ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

ကန်ပက်လက်နှင့် ဆော ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၁၅

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် မကွေးတိုင်း၊ ဆောမြို့နယ် ကြားတွင် CDF ကန်ပက်လက်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်း CDF မှ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်

ခဲ့သည်ဟု CDF က ယမန်နေ့ စက်တင်ဘာ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။

CDF ကန်ပက်လက်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းနှင့် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိသောကြောင့် ပြည်သူများအနေဖြင့် ဆောမြို့နှင့် ကန်ပက်လက်မြို့ ကြား သွားလာခြင်းမပြုရန် CDFမှ အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly