အိန္ဒိယတွင် စီးပွားရေးပြန်လည်တိုးတက်မှုသည် ကိုဗစ်-၁၉ ကြောင့် ပျက်စီးဆုံးရှုံးမှုထက် မြန်ဆန်နေ

အိန္ဒိယတွင် စီးပွားရေးပြန်လည်တိုးတက်မှုသည် ကိုဗစ်-၁၉ ကြောင့် ပျက်စီးဆုံးရှုံးမှုထက် မြန်ဆန်နေ

အိန္ဒိယဝန်ကြီးချုပ်မိုဒီက တိုင်းပြည်အပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုရှိခဲ့သော်လည်း ပြန်လည်နာလန်ထမှုသည် ပျက်စီးခြင်းထက် ပိုမိုမြန်ဆန်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

စီးပွားရေးအင်အားကြီး နိုင်ငံများက ကာကွယ်ရေးမူဝါဒကို ကျင့်သုံးနေချိန်တွင် အိန္ဒိယက ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေပြီး ထုတ်လုပ်မှုနှင့်ဆက်စပ်သောမက်လုံး (PLI) အစီအစဉ်ကို ကိုးကား၍ အမီဒါဘတ်မြို့ရှိ SardardhamBhavan ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။

အထည်အလိပ်လုပ်ငန်းများအတွက် PLI ပဏာမခြေလှမ်းသည် ဆူရတ်ကဲ့သို့သော မြို့အချို့အတွက် များစွာအကျိုးရှိလိမ့်မည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

“ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်သွားတဲ့အတွက် အခြေအနေတွေက အိန္ဒိယကို မျက်နှာသာပေးဖို့ PLI (ထုတ်လုပ်မှုနှင့် ဆက်စပ်သောမက်လုံး) အစီအစဉ်များကို စတင်လုပ်ဆောင် နေပါတယ်” ဟု မိုဒီ၏ ပြောစကားကို Times of India ကိုးကားဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်က လာမည့်ရာစုနှစ်အတွင်း အိန္ဒိယသည် ကမ္ဘာ့စီးပွားရေးခေါင်းဆောင်တစ် ဦး အဖြစ်ရပ်တည်ရန် လိုအပ်သည်ဟု အခိုင်အမာပြောကြားခဲ့သည်။

“ ၂၁ ရာစုမှာ ကမ္ဘာ့စီးပွားရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ရှု့မြင်သင့်ပါတယ်။ အိန္ဒိယက ကြီးကျယ်အောင်ပြုရမယ်အခွင့်အရေးကို လက်မလွတ်သင့်ပါဘူး” ဟု အသက် ၇၀ အရွယ် ဝန်ကြီးချုပ်က ထပ်မံပြောဆိုသည်။

လက်ရှိဘဏ္ဍာရေးနှစ် ဧပြီလမှဇွန်လသုံးလပတ်အတွင်း နှစ်အလိုက်တိုးတက်မှုတွင် အိန္ဒိယ၏ ဂျီဒီပီသည် ၂၀ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စက်မှုထုတ်လုပ်မှုသည် ကိုဗစ်မတိုင်ခင် အဆင့်သို့ ပြန်ရောက်လုနီးဖြစ်ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly