ပါတီအရေးမို့ ပါတီကဆုံးဖြတ်ဖို့လိုသည်ဆိုကာ ဒေါ်အောင်ဆန်းစုကြည် လက်မခံလိုက်တဲ့ စာအိတ် ၂ ခု

ပါတီအရေးမို့ ပါတီကဆုံးဖြတ်ဖို့လိုသည်ဆိုကာ ဒေါ်အောင်ဆန်းစုကြည် လက်မခံလိုက်တဲ့ စာအိတ် ၂ ခု

စက်တင်ဘာ ၁၄

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည်ဆိုသော စာအိတ်နှစ်အိတ်ကို သူမကလက်မခံဘဲ " ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ကသာ ဆုံးဖြတ်ရမည်ဆိုကာ" ပြန်ပေးလိုက်သည်ဟု သူမ၏ရှေ့နေတစ်ဦး အပြောအရ သိရသည်။

ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်သို့ ရောက်ရှိနေသည့် ကာကီရောင်စာအိတ်ရှည်နှစ်လုံးအား နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးတွင် ယနေ့ရုံးချိန်းထွက်လာသော ဒေါ်အောင်ဆန်းစုကြည်ထံသို့ သူမ၏ရှေ့နေအဖွဲှဝင်တစ်ဦးက ပေးအပ်ရန်ကြိုးစားကြောင်းနှင့် ပါတီရုံးသို့ ရောက်ရှိနေသည့်စာဖြစ်သောကြောင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကသာ ပါတီကိစ္စဆုံးဖြတ်ရမည်ဖြစ်ကြောင်းပြောဆိုသည်ဟု ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။

စာနှင့်ပတ်သက်သော အသေးစိတ်ကိုသိရှိခြင်းမရှိဟု ဦးခင်မောင်ဇော်ကပြော သည်။

အာဏာသိမ်းစစ်တပ်က အမှုများစွာကပ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် အမှုနှစ်ခုအတွက် ရုံးချိန်းထွက်ရသည်။ ပထမအမှုမှာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင် တို့နှင့်အတူ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြစ်သည်။ ထို့အပြင် သူတစ်ဦးတည်းအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ (၂၅) နှင့်ဆိုင်သော အမှုကိုလည်း ရင်ဆိုင်ရသည်။

အမှုနှစ်ခုလုံးအတွက် နောက်ရုံးချိန်းကို စက်တင်ဘာ ၂၁ရက်နေ့သို့ ချိန်းဆိုထား သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုများတွက် ပုံမှန်ရုံးချိန်းများမှာ တနင်္လာနေ့နှင့် အင်္ဂါနေ့များဖြစ်ပြီး COVID-19 ကပ်ဘေးကြောင့် တရားရုံးထုတ်မှုများ ရပ်ဆိုင်း ထားခဲ့ရာက ယမန်နေ့ကရုံးချိန်းတွင် အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်မှာ ကားမူး၍ နေထိုင်မကောင်းသဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ရသည်။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ပြန်လည်ကောင်းမွန် နေပြီဆိုသော်လည်း ခေါင်းအနည်းငယ်မူးနေသေးကြောင်းသိရသည်ဟု ရှေ့နေ က ပြန်ပြောပြသည်။

ရှေ့နေအဖွဲ့နှင့်တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ခံထားရသည်ကိစ္စများနှင့်ပတ်သက်၍ ရှေ့နေကိုယ်စားလှယ်လွဲစာ (ပါဝါ) အား လက်မှတ်ထိုးရယူခဲ့သ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required