NUG အစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာပြီးနောက် ကလေးမြို့တွင် အစစ်အဆေး ပိုတင်းကျပ်လာ

NUG အစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာပြီးနောက် ကလေးမြို့တွင် အစစ်အဆေး ပိုတင်းကျပ်လာ

စက်တင်ဘာ ၁၄

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာ ၇ ရက်တွင် နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာပြီးနောက် ကလေးမြို့တွင် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ကာ စစ်ကောင်စီတပ်က မြို့တွင်း စစ်ဆေးရေးဂိတ်များ ပြုလုပ်ပြီး ဖြတ်သန်းသွားလာသည့် ကားနှင့် ဆိုင်ကယ်များကို ရပ်တန့်စေကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများက ဆိုသည်။

ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်က နေကြာတိုက်အနီး၊ တောင်ဖီလာလမ်းခွဲ နှင့် ကျို့သုံးပင် ကျောင်းအရှေ့ နေရာများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ် စစ်ဆေးနေခြင်းဖြစ်သည်။

နေ့လယ်ဘက်တွင် ပုံမှန်အတိုင်း သွားလာနိုင်ကြသော်လည်း ညနေ ၅ နာရီ နောက်ပိုင်းမှစကာ ကားနှင့် ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်းဖြစ်သည်။

“လူကိုတော့ သိပ်မမေးဘူး။ ၊ ဘယ်သွားမလဲ ။ ဘာလုပ်မလဲလောက်ပဲမေးတယ်။ကားကိုတော့ သေချာရှာတယ်။ နောက်ပြီး ဖုန်းလျို့ဝှက်နံပါတ်ကိုဖွင့်ခိုင်းပြီး ဖိုင်တွေ၊ ဓာတ်ပုံတွေ ၊ ဖေ့စဘွတ်မှာ တင်ထားတာတွေကို သေချာကြည့်စစ်ဆေးတယ်။ ကျွန်တော့်ကို နာရီဝက်ကျော်ကြာအောင်ထိစစ်ဆေးတယ်။ ဖုန်းမှာက သံသယဖြစ်စရာ ဘာတစ်ခုမှမတွေ့လို့ ပြန်လွှတ်လိုက်တယ်။ တခြား စစ်ဆေးခံရပြီး သူတို့သဘောမကျတဲ့ ပုံတွေ ဖိုင်တွေ တွေ့ရင် ဘာလုပ်မယ်ဆိုတာတော့ သေချာမပြောတတ်ဘူး” အမည်မဖော်လိုသည့် စစ်ဆေးခံခဲ့ရသူ မြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့ခံများအနေဖြင့် စစ်ဆေးရေးများ တင်းကျပ်မှုကြောင့် အပြင်ထွက်ရန် စိုးရိမ်ထိတ်လန့်နေကြပြီး နေအိမ်မှအပြင်ထွက်ပါက ဖုန်းယူ‌ဆောင်သွားခြင်း မရှိတော့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly