စက်တင်ဘာ ၁၄
အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေသည့် စစ်ကိုင်းတိုင်းအတွင်း အချို့နေရာများတွင် အင်တာနက်လိုင်းများ ပြတ်တောက်သွားကြောင်း ဒေသခံအချို့က သတင်းပေးပို့သည်။
ယနေ့မွန်းတည် ၁၂ နာရီခန့်ကစတင်ပြီး စစ်ကိုင်းတိုင်း အတွင်းရှိ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ဝက်လက် စသည့်မြို့နယ်များတွင် အင်တာနက်လိုင်း ပြတ်တောက်နေခြင်းဖြစ်သည်။
" ကနီဆို ဖုန်းလိုင်းတွေပါ မရတော့ဘူး" ဟု စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီမှ စစ်ဆင်ရေးပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည့်အချိန်တွင် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။