ခါးအောက်ပိုင်းစကားလုံးတွေနဲ့ နွေဦးတော်လှန်ရေးကို တိုက်ခိုက်တဲ့ စစ်အုပ်စု

ခါးအောက်ပိုင်းစကားလုံးတွေနဲ့ နွေဦးတော်လှန်ရေးကို တိုက်ခိုက်တဲ့ စစ်အုပ်စု

စက်တင်ဘာလ ၁၄ ရက်

"အခုနောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့တွေ၊ ဖောက်ခွဲဖျက်ဆီးရေးအဖွဲ့တွေကို ဖမ်းဆီးရမိတဲ့အခါမှာ ကျနော်တို့ သတိထားမိတဲ့အချက်၊ သတိထားစရာကောင်းတဲ့အချက်က အဲဒီအဖွဲ့တိုင်းလိုနီးပါး အထူးသဖြင့် ရန်ကုန်ကဲ့သို့ မြို့ကြီးတွေက အကြမ်းဖက်အဖွဲ့တွေမှာ အမျိုးသမီးငယ်တွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အများအားဖြင့် သူတို့ဟာ အိမ်ထောင်မရှိတဲ့ အပျိုတွေ ဖြစ်နေတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတွေ့ရှိချက်များအရ လက်မထပ်ရသေးဘဲ Living Together ပုံစံမျိုးတွေလည်း ဖြစ်နေပါတယ်။ အချို့လည်း ကိုယ်ဝန်တွေရနေတာ တွေ့ရပါတယ်" ဆိုပြီး သြဂုတ်လ ၂၇ရက်နေ့ကပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ စစ်အုပ်စုသတင်းအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်၊ဒါဟာ စစ်အုပ်စုကို တော်လှန်နေတဲ့ အမျိုးသမီးထု တစ်ခုလုံးကို စော်ကားလိုက်တဲ့ စကားရပ်။ သားသမီးချင်း ကိုယ်ချင်းမစာ တိုက်ခိုက်ရရင်ပြီးရောဆိုပြီး လက်လွှတ်စပယ် ထုတ်ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required