ဖိလစ်ပိုင်တိုင်ဖုန်းမုန်တိုင်းအတွင်း သေဆုံးသူ ၁၁ ဦးရှိ

ဖိလစ်ပိုင်တိုင်ဖုန်းမုန်တိုင်းအတွင်း သေဆုံးသူ ၁၁ ဦးရှိ

မနီလာ၊ ဒီဇင်ဘာ ၁၇ ။          ။ ဖိလစ်ပိုင်တွင် အားပြင်းတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ရာ လူပေါင်း ၁၁ ဦးသေဆုံးသည်။ မြို့တော် မနီလာနှင့် ကျေးရွာများတွင် ရေကြီးမှုများဖြစ်ပြီး အိမ်ခြေပေါင်း များစွာလည်း ပျက်စီးကြောင်း သဘာဝဘေးဆိုင်ရာတာဝန်ရှိသူများက ပြောသည်။

ဒေသတွင်းအခေါ် နိုနာ ခေါ် တိုင်ဖုန်းမုန်တိုင်း မယ်လာသည် ဒီဇင်ဘာ ၁၆ ရက် နေ့လည်ပိုင်းတွင် အားပျော့သွားပြီဖြစ်ပြီး နိုင်ငံတွင်းမှ ထွက်ကာ အနောက်ဖိလစ်ပိုင်သို့ တစ်ဖြည်းဖြည်း   ရွေ့လျားနေကြောင်း ဖိလစ်ပိုင် မိုးဇလဌာနက ပြောသည်။

မနီလာတွင် တိုက်ခတ်ရာ၌ တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၃၀ ရှိသည်။

ရေကြီးမှုများကြောင့် အိမ်ခေါင်မိုးများပေါ် တက်နေရသည့် ဒေသခံပြည်သူများကို စပိဘုတ်များဖြင့် ကယ်ဆယ်ရေးသမားများက ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသည်။

“ရေကြီးမှုတွေဖြစ်နေပါတယ်။ လူတွေက အိမ်ခေါင်မိုးတွေပေါ် တက်နေ နေကြရတယ်။ အိမ်ခြေတော်တော်များများ ပျက်စီးခဲ့ပါတယ်။”ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အဖွန်ဒိုအူမာလီက ပြောသည်။

တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသအချို့တွင် ရေကြီးမှုများ ဒီဇင်ဘာ ၁၅ ရက်တွင် ဖြစ်ပွားသည်။ ရထားခရီးစဉ်များ ရပ်ဆိုင်းခဲ့ရသည်။ အဓိကကားလမ်းမများ ပိတ်ဆို့ခဲ့ရပြီး လူပေါင်း သန်းနှင့်ချီကာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ လက်ရှိအထိ ပျောက်ဆုံးနေသူ ငါးဦးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly