ဖားကန့်နယ်ထဲရှိ ရဲကင်းစခန်းကို KIA မီးရှို့ဖျက်စီး

ဖားကန့်နယ်ထဲရှိ ရဲကင်းစခန်းကို KIA မီးရှို့ဖျက်စီး

စက်တင်ဘာ ၁၃

ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ရဲကင်းစခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ် (KIA) က မီးရှို့ဖျက်စီးလိုက်သည်ဟု ဒေသခံများ အပြော အရသိရသည်။

အင်တာနက်ဖြတ်တောက်ထားသည့် ဖားကန့်မြို့ နယ်အတွင်းက စပေါ့ ကျေးရွာအနီးရှိ ရဲကင်းစခန်းကို ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်နေ့) ည ၈နာရီ ၄၅ မိနစ်ခန့်က မီးရှို့ရာ ရဲကင်းစခန်းနှင့် အတူ ဂိုထောင်ဟောင်း တစ်ခုပါ မီးလောင်သွားခဲ့သည်။

မီးရှို့ခံရချိန်တွင် အဆိုပါကင်းစခန်းတွင် ရဲများမရှိဘဲ လုံခြုံရေးစိုးရိမ်ကာ ဖားကန့်မြို့ထဲရှိ ရဲစခန်းတွင် သွားရောက်ပူးပေါင်းနေချိန်ဖြစ်သည်။

" အရင်ရဲတွေစောင့်နေတဲ့နေရာမှာ စစ်သားတွေနဲ့ အစားထိုးစောင့်ဖို့နဲ့ တူတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါရဲကင်းစခန်းသည် ဆိပ်မူကျေးရွာအုပ်စုဝင် ရွှေ့ပြောင်းလုပ်သားအများ စု စုပေါင်းနေထိုင်ရာ ဘွမ်နန်ရွာ (မိုးကာရွာ)မှ ကျောက်စိမ်းလုပ်ကွက်များကို စောင့်ကြည့်နေသည့် စခန်းတစ်ခုလည်းဖြစ်သည်။

ဆိပ်မူကျေးရွာအုပ်စု၊ ကောင်စံကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ ၂၁ ရက်နေ့ညကလည်း KIA က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly