မှော်ဘီတွင် ဧည့်စာရင်းတိုင်လျှင် အုပ်ကြီးက ငွေ ၁၀၀၀ တောင်း

မှော်ဘီတွင် ဧည့်စာရင်းတိုင်လျှင် အုပ်ကြီးက ငွေ ၁၀၀၀ တောင်း

စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လက်ပံတန်းကျေးရွာအုပ်စု၊ သပြေ ကုန်းကျေးရွာတွင် ဧည့်စာရင်းသွားတိုင်လျှင် ၁၀၀၀ ကျပ် တောင်းကြောင်း ဒေသခံများအပြောအရသိရသည်။

“ တစ်ယောက်(အတွက်) သွားတိုင်လည်း ၁၀၀၀ ပေးရတယ်။ သုံးလေးယောက် တိုင်ရင်လည်း ၁၀၀၀ ပေးရတယ် ” ဟု ဧည့်စာရင်တိုင်သူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်နယ်မြေမှော်ဘီတွင် ဧည့်စာရင်းအား တစ်လလျှင် တစ်ကြိမ် သွားရောက် တိုင်နေရခြင်း ဖြစ်ပြီး ရပ်ကွက်နေပြည်သူများမှာ အုပ်ချုပ်ရေး အဖွဲ့၏ ဖြည်းဖြည်းချင်းတိုးလာသော ဖိအားပေးမှုကြောင့် စိတ်သောက ရောက်နေကြရသည်။

“ ဘုန်းကြီးကျောင်းသားလည်း ဧည့်စာရင်းလာတိုင်ရမယ်။ မတိုင်လို့မရဘူး။ အသက်ကြီးလည်း မှတ်ပုံတင်မရှိပဲ ဧည့်စာရင်းလာတိုင်လို့ မရဘူး ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

File photo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly