ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲမှု ကျောင်းထိုင်ဘုန်းကြီးနှင့်သီလရှင်တချို့ ဖမ်းဆီးခံရ

ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲမှု ကျောင်းထိုင်ဘုန်းကြီးနှင့်သီလရှင်တချို့ ဖမ်းဆီးခံရ

စက်တင်ဘာ ၁၃

ဧရာဝတီတိုင်း၊ပုသိမ်မြို့ မင်းကြီးလမ်းပေါ် ရှိ အရှေ့ငဝန်ကျွန်းသာ ဇေယျသိဒ္ဓိဘုန်းကြီးကျောင်းဝင်းအတွင်း စက်တင်ဘာ ၁၂ ရက် ညနေ ၆နာရီက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကျောင်းတိုင်ဘုန်းကြီးနှင့် သီလရှင်တချို့ ဖမ်းဆီးခံရကြောင်း သိရသည်။

ဘုန်းကြီး‌ကျောင်း၀င်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ စမ်းသပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုသို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုတွင် ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ပုသိမ်မြို့ပြပြောက်ကျား အဖွဲဝင် လေးဦး ဗုံးစမ်းသပ်ရာကပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လေးဦးလုံး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

"ဗုံးစမ်းနေရင်းက ပေါက်သွားတာပါ။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲမှာ ဗုံးခွဲတာမဟုတ်ပါဘူး။ စစ်ကောင်စီကတော့ ဒဏ်ရာတော်တော်များများနဲ့ တစ်ယောက်ကို ဖမ်းမိထားတယ်လို့ ထုတ်ပြန်ထားတယ်။ အဲဒါကျွန်တော်တို့ အဖွဲ့က လူမဟုတ်ပါဘူး။ကျွန်တော်တို့အဖွဲ့က ၄ ယောက်လည်း ဒဏ်ရာတော့ရသွားတယ်။ ဒါပေမဲ့ တစ်ယောက်မှအဖမ်းမခံရပါဘူး။ အဖမ်းခံရတဲ့လူတွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်"ဟု ပုသိမ်မြို့ပြပြောက်ကျား အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ရဲတပ်ဖွဲ့၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများက ဇေယျသိဒ္ဓိဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနှင့် မယ်သီလရှင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပုသိမ်မြို့ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံ‌ များ၏ပြောကြားချက်အရ သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များ၊ ရဲများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပုသိမ်မြို့ပေါ် ရှိ ပုဂ္ဂလိကပိုင် ဆေးရုံဆေးခန်းများနှင့် မြို့အနှံ့တွင်ပိတ်ဆို့ရှာဖွေမှုများပြုလုပ်‌ေနကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required