‘တာဝေးပစ် ခရုဇ်ဒုံးကျည်သစ်’ မြောက်ကိုရီးယား ပစ်လွှတ်စမ်းသပ် 

‘တာဝေးပစ် ခရုဇ်ဒုံးကျည်သစ်’ မြောက်ကိုရီးယား ပစ်လွှတ်စမ်းသပ် 

စက်တင်ဘာ ၁၃

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်က ‘တာဝေးပစ် ခရုဇ်ဒုံးကျည်သစ်’ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံတကာသတင်းက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာပြီး အမေရိကန်နိုင်ငံက နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားဟာ အိမ်နီးချင်းတွေနဲ့ အခြားနိုင်ငံတွေကိုပါ ခြိမ်းခြောက်နေတယ်လို့ ပြောဆိုပါတယ်။ 

Rodong Sinmun သတင်းစာကနေ ဖော်ပြတဲ့ ဓာတ်ပုံတွေမှာ မီးလုံးကြီးအတွင်း ဒုံးလွှတ်ယာဉ်က ပြောင်းငါးခုက တစ်ခုမှာ ဒုံးကျည်တစ်စင်း ရှိနေတဲ့ပုံနဲ့ ရေပြင်ညီ ပျံသန်းသွားတဲ့ ဒုံးကျည်တစ်စင်းရဲ့ ပုံတွေကို ဖော်ပြခဲ့ပါတယ်။ 

အခု လက်နက်မျိုးဟာ မြောက်ကိုရီးယားရဲ့ လက်နက်နည်းပညာ တိုးတက်လာတဲ့ကို ပြသလိမ့်မှာ ရောက်နေတယ်လို့ သုတေသီတွေက ပြောပြီး အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေဆီ ဒုံးကျည်ပစ်လွှတ်တဲ့အခါ လေကြောင်းရန်ကာစနစ်တွေကို ရှောင်လွှနိုင်စွမ်း ပိုကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။ 

စမ်းသပ်ပစ်လွှတ်မှုတွေကို စနေနဲ့ တနင်္ဂနွေနေ့တွေက ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။ 

မြောက်ကိုရီးယားနဲ့ ရေပိုင်နက်ပေါ်ကနေ နှစ်နာရီကြာ ပျံသန်းတဲ့ လမ်းကြောင်းမှာ ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၅၀၀ (မိုင် ၉၃၀ နီးပါး) ခန့် ရောက်ရှိပြီး ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ KCNA သတင်းအရ သိရပါတယ်။ 

အခု ဒုံးကျည်ဟာ ‘ပိုပြီး အရေးပါတဲ့ မဟာဗျူဟာလက်နက်’ ဖြစ်တယ်လို့ ယင်း သတင်းက ဆိုပြီး စမ်းသပ်မှုက အောင်မြင်ကြောင်းနဲ့ နိုင်ငံအတွက် ‘ရန်လိုတဲ့ အင်အားစုတွေ’ ကို ဆန့်ကျင်ရာမှာ ‘နောက်ထပ် ထိရောက်ထက်မြက်တဲ့ အဟန့်အတား’ ပဲ ဖြစ်တယ်လို့ ဖြည့်စွက်ဖော်ပြပါတယ်။ 

မြောက်ကိုရီးယားဟာ ၎င်းရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားတာ ဖြစ်ပြီး ၎င်းနိုင်ငံကတော့ အမေရိကန် ကျူးကျော်ကို ကာကွယ်ဖို့အတွက် လိုအပ်လို့ဆိုပြီး ပြောဆိုထားပါတယ်။ 

ဒါပေမဲ့ မြောက်ကိုရီးယားကို အရင်ကလည်း စမ်းသပ်ဖူးတဲ့ ခရုဇ်ဒုံးကျည်တွေ ထုတ်လုပ်တာကိုတော့ တားမြစ်ထားတာ မရှိပါ။ 

အခု ဒုံးကျည်ဟာ ‘ခေါင်းထဲ ထည့်ထားရတော့မယ့် ခြိမ်းခြောက်မှု’ ပဲလို့ Ewha Womans University တက္ကသိုလ်က မြောက်ကိုရီးယားအရေး သုတေသန ပါမောက္ခ ပတ်ဝန်ဂွန်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

“မြောက်ကိုရီးယားမှာ သင့်တော်တဲ့ အသေးစား နျူကလီးယားထိပ်ဖူး ရှိထားရင် ဒါကို ခရုဇ်ဒုံးကျည်မှာ တင်ပြီး ပစ်လွှတ်နိုင်လိမ့်မယ်”လို့ သူက ပြောပါတယ်။ 

“လက်နက်စနစ် အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်အောင် ဒီထက်မက စမ်းသပ်မှုတွေ ဖြစ်လာလိမ့်ဦးမယ်”လို့က ၎င်းက ပြောပြီး အခုလို စမ်းသပ်ပစ်လွှတ်တာဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပြီးခဲ့တဲ့လက ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တံ့ပြန်တာပဲဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly