အိန္ဒိယ-အီးယူ ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ မိတ်ဖက်ပြုမှုက နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်မှုအတွက် အရေးကြီးဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြော

အိန္ဒိယ-အီးယူ ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ မိတ်ဖက်ပြုမှုက နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်မှုအတွက် အရေးကြီးဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြော

စက်တင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရိုမေးနီးယား ဒစ်ပလိုမေစီ ဆိုင်ရာ တစ်နှစ်တာ အစည်းအဝေးကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် မိန့်ခွန်းပြောခဲ့ရာတွင် အိန္ဒိယ-အီးယူ ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုက ယင်း၏ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်မှုများ၊ အရည်အသွေးဆိုင်ရာ ဖော်ညွှန်းမှုများနှင့် တတိယနိုင်ငံ အလားအလာများတို့အတွက် အရေးကြီးကြောင်း ၎င်းက ပြောခဲ့သည်။

“ကျွန်တော်တို့ (အိန္ဒိယ-အီးယူ) ဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်နဲ့ ပထဝီဝင်ဆိုင်ရာ အညွှန်းတွေနဲ့ပတ်သက်လို့ သဘောတူညီချက်တစ်ခုတို့ကို အပြီးသတ်ဖို့ အစောပိုင်းကတည်းက သ‌ဘောတူထားပြီးပါပြီ၊ အိန္ဒိယနဲ့ အီးယူအကြား မဟာဗျူဟာကျ တစ်နေရာတည်းမှာ တွေ့ဆုံမှုက အာဖဂန်နစ္စတန်နဲ့ အင်ဒို-ပစိဖိတ် အပါအ၀င် အဓိကကျတဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက် သဘောထားတွေကို ထင်ဟပ်ပြသနေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly