မှော်ဘီမှာ စစ်တပ်နှင့် မော်တော်ပီကယ်ပေါင်းပြီး ဆက်ကြေးကောက်

မှော်ဘီမှာ စစ်တပ်နှင့် မော်တော်ပီကယ်ပေါင်းပြီး ဆက်ကြေးကောက်

အယ်ဒီတာခင်ဗျာ

ကျွန်တော်တို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်မှာတော့ မြို့အဝင် အထွက်ဂိတ်မှာ စစ်တပ်နဲ့ ယာဉ်ထိန်းရဲတို့ပေါင်းပြီး ဆက်ကြေးကောက် နေကြပါတယ်။

ယာဉ်ထိန်းရဲက လာသမျှကားကိုတားပြီး တစ်စီး ၂၀၀ တောင်းပါတယ်။ ပုံမှန်ကား၊ ပြစ်ချက်မရှိတဲ့ကားတွေကိုတောင်းပါတယ်။ ကုန်ကားတွေ၊ လိုင်စင် လုပ်ငန်းလိုင်စင်တွေ သက်တမ်းလွန်တာ မရှိတာစတာတွေကတော့ ရရင်ရသလောက်တောင်းတာ အရင်တုံးကတည်းကဆိုတာ အားလုံး သိကြမှာပါ။ အခုလိုမျိုး ဘာလာလာ တောင်းတာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ချိန်နောက်ပိုင်းကစလို့ သောင်းကျန်းလာတာဖြစ်ပါတယ်။

မှော်ဘီနဲ့ပတ်သက်လို့ပြောရရင်တော့ တစ်ရပ်ကွက်လူ ၃၀ စုဆောင်းမယ်လို့ သတင်းတွေလည်းထွက်နေပါတယ်။ လိုရင်းပြောရရင်တော့ ပေါ်တာဆွဲတာ ပါပဲ။

တပ်တွေမှာလည်း လုံခြုံရေးအမြင့်ဆုံးတပ်လှန့်ထားတယ်လို့ကြားသိရပါတယ်။ ဒီနေ့မနက်တောင် တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေပျံနေကြလို့ ခေါင်းပေါ်ပြုတ်မကျအောင် ဆုတောင်းနေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly