အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ဆင်မှုနောက်ပိုင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်

အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ဆင်မှုနောက်ပိုင်း မြန်မာနိုင်ငံသား ၁၀၀ ကျော် အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်

စက်တင်ဘာ ၁၂

အိန္ဒိယနှင့် နယ်စပ်အနီး မြန်မာအာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့မှုကြောင့် ပြီးခဲ့သည့် ရက်များအတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ ခရိုင်နှစ်ခုဆီ ဝင်ရောက်ထားခဲ့သည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ပြောသည်။

“ပြီးခဲ့တဲ့ ရက်တွေအတွင်း မြန်မာနိုင်ငံဘက်ကနေ လူရာချီ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထားခဲ့တယ်လို့ ကျွန်တော် ကြားထားပါတယ်၊ အရေအတွက် အတိအကျတော့ ကျွန်တော် မသိပါဘူး၊ ကျွန်တော်က လက်ရှိမှာ ကွာရန်တင်းအောက်မှာ ရှိနေလို့ပါ” ဟု မီဇိုရမ်ပြည်နယ်ပြည်ထဲရေးဝန်ကြီး လယ်ချမ်လီယာနာက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား ပြီးခဲ့သည့် ရက်များအတွင်း မီဇိုရမ်ပြည်နယ်နှင့် နယ်စပ်အနီး တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

ယခုအခါ အိန္ဒိယသို့ စုပြုံဝင်ရောက်သူများသည် အကြမ်းဖက်မှုကနေ ထွက်ပြေးရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု ယုံကြည်ရသည်။

ယခုနှစ် မတ်လနောက်ပိုင်း အိန္ဒိယနှင့် နယ်စပ်အနီး နေထိုင်ကြသူများအပါအဝင် မြန်မာနိုင်ငံသား ထောင်ချီတို့သည့် မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထားခဲ့ကြသည်။ တရားဝင်စာရင်းများအရ ယင်းကဲ့သို့ ဝင်ရောက်ထားသူ ၁၀,၀၀၀ ကျော်သည် လက်ရှိအချိန်တွင် အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်ထဲတွင် နေထိုင်ကြလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly