တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို မချဲ့ကားရန် တရုတ်နိုင်ငံတော် ကောင်စစ်ဝန်က ဗီယက်နမ်ကို ပြောကြား

တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို မချဲ့ကားရန် တရုတ်နိုင်ငံတော် ကောင်စစ်ဝန်က ဗီယက်နမ်ကို ပြောကြား

တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းကို ပိုမို ရှုပ်ထွေးကာ ဆိုးရွားလာနိုင်သောကြောင့် တစ်ဖက်သတ် လုပ်ဆောင်ခြင်းမျိုးကို တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့က ရှောင်ကြဉ်ရန် တရုတ်နိုင်ငံတော် ကောင်စစ်ဝန် ဝမ်ရိက ဗီယက်နမ် ဒုဝန်ကြီးချုပ် ဖန်ဘင်မင်းနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပင်လယ်ပြင်အတွင်းရှိ ရေလမ်းကြောင်းအများစုတွင် တရုတ်က သမိုင်းကြောင်းအရ အချုပ်အခြာပိုင်ဆိုင်မှု ရှိသော်လည်း ယင်းသို့ ကြေညာချက်သည် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဥပဒေသဘောတူစာချုပ်များအပါအဝင် နိုင်ငံတကာဥပဒေ နှင့် ကိုက်ညီခြင်းမရှိကြောင်း အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်တို့က သတ်မှတ်ထားသည်ဟု တရုတ်အစိုးရက ပြောကြားသည်။

မိမိတို့ ၂ နိုင်ငံစလုံးက တောင်တရုတ်ပင်လယ်တွင် ခက်ခဲစွာ ရရှိထားသည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တန်ဖိုးထားရန်နှင့် ဒေသအပြင်ဘက်မှ တပ်ဖွဲ့များ၏ ကြားဝင်စွက်ဖက်မှုကို သတိထားခုခံသွားရမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်းကို ထပ်မံလှူဒါန်းမည်ဟုလည်း ဗီယက်နမ်က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly