တာလီဘန်များက အာဖဂန်စစ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး အောင်ပွဲခံသည့် ဗီဒီယိုပေါ်ထွက်လာ

12 September 2021
တာလီဘန်များက အာဖဂန်စစ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး အောင်ပွဲခံသည့် ဗီဒီယိုပေါ်ထွက်လာ

တာလီဘန်များက အာဖဂန်စစ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ပြီးနောက် ခေါင်းပြတ်ကို ဆံပင်မှ ဆုပ်ကိုင်ထားပြီး သူတို့၏ ခေါင်းဆောင်အား ချီးကျူးထောမနာသီချင်းတစ်ပုဒ်ကို သီဆိုနေသည့် ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့သည်။

Washington Examiner သတင်းစာမှရရှိသော ၃၆ စက္ကန့်စာ ဗီဒီယိုကို လွန်ခဲ့သော သီတင်းပတ်က တင်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အချိန်ကပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း တာလီဘန် ခေါင်းဆောင်များက အစိုးရဝန်ထမ်းများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမျိုးသမီးများအတွက် အကာအကွယ်ပေးမည်ဟု သြဂုတ်လ ၁၇ရက်က ကတိပေးခဲ့သည်။

တာလီဘန်တိုက်ခိုက်ရေးသမားများသည် ခေါင်းပြတ်နေသည့် ရဲချုပ်ဟောင်းတစ်ဦး၏ အလောင်း ပတ်ပတ်လည်တွင် အောင်ပွဲခံခဲ့ကြသည်။

“ဘယ်သူကိုမှ ထိခိုက်ခံမှာ မဟုတ်ဘူးဆိုတာကို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော် အာမခံပါတယ်။ ပြည်တွင်း၊ ပြည်ပရန်သူတွေကို ကျွန်တော်တို့မလိုလားပါဘူး“ ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က ပြောကြားထားသည်။

တာလီဘန်တိုက်ခိုက်ရေးသမား ၆ ယောက်က စစ်သားကိုဝန်းရံထားပြီး သဲကန္တာရထဲတွင် ပက်လက်လဲနေသူ၏ ရင်ဘတ်ပေါ်တွင် ဦးခေါင်းကို တင်ထားသည်ကို ဗွီဒီယိုတွင် တွေ့မြင်ရသည်။ အမျိုးသား ငါးဦးက ရိုင်ဖယ် သေနတ်များကိုင်ဆောင်ထားပြီး ဆဌမမြောက်တစ်ယောက်က သွေးစွန်းသောဓားနှစ်လက်ကို ကိုင်ထားသည်။ သတ္တမမြောက်ပုဂ္ဂိုလ်က ထိုအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးနေသည်။

အမေရိကန်တပ်ဖွဲ့များက အာဖဂန်စစ်တပ်အား ပေးထားသည့် အစိမ်းရင့်ရောင်ယူနီဖောင်းကို စစ်သားက ဝတ်ဆင်ထားသည်။

ဓားကိုင်ဆောင်ထားသူသည် အုပ်စု၏ ခေါင်းဆောင်ဖြစ်ပုံရပြီး လက်နက်များကို လေထဲသို့ မြှောက်ပြ ထားသည်ကို တွေ့ရသည်။ အမေရိကန်စစ်ဘက်ရင်းမြစ်တစ်ခုမှ Washington Examiner သို့ပေးပို့သည့် ပက်ရှ်တန်ဘာသာမှ ဘာသာပြန်ချက်တစ်ခုတွင် “ မူဂျာဟစ်ဒင်!” ဟု တာလီဘန်များက ရွတ်ဆိုသံကို ကြားရသည်။

ဗီဒီယိုအဆုံးတွင် တိုက်ခိုက်ရေးသမားများက သေနတ်ဖြင့်ပစ်ရန် တန်းစီနေစဉ် “ သူ့ကို ပစ်လိုက်က်ပါ။ သေနတ်နဲ့ ပစ်ဖို့လိုတယ်! " အဖွဲ့ခေါင်းဆောင်က အော်ဟစ်ပြောဆိုနေပုံ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly