ကိုရိုနာဗိုင်းရပ်စ် သုတေသနအတွက် တရုတ်ဓာတ်ခွဲခန်းများအား ရန်ပုံငွေပံ့ပိုးခဲ့သည်ဟု ဝေဖန်ခံနေရသော အမေရိကန်သမ္မ၏ ဆေးဖက်ဆိုင်ရာ အကြံပေးအရာရှိအား အစိုးရက ကာကွယ်ပြောဆို

ကိုရိုနာဗိုင်းရပ်စ် သုတေသနအတွက် တရုတ်ဓာတ်ခွဲခန်းများအား ရန်ပုံငွေပံ့ပိုးခဲ့သည်ဟု ဝေဖန်ခံနေရသော အမေရိကန်သမ္မ၏ ဆေးဖက်ဆိုင်ရာ အကြံပေးအရာရှိအား အစိုးရက ကာကွယ်ပြောဆို

လင်းနို့ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အန္တရာယ်ရှိနိုင်သည့် တရုတ်ဓာတ်ခွဲခန်းများကို အမေရိကန် ဇီဝဆေးဝါးဌာနက ရန်ပုံငွေပေးခဲ့သည့်ဟု ကွန်ဆာဗေးတစ်ပါတီဝင်များ၏ ဝေဖန်မှုကို ယခုသီတင်းပတ်အတွင်း ကြုံတွေ့ခဲ့ရသော သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ ဆေးဖက်ဆိုင်ရာထိပ်တန်းအရာရှိ ဒေါက်တာ အန်တိုနီ ဖော်စီအား အမေရိကန် အစိုးရက ထောက်ခံရပ်တည်ကြောင်း စက်တင်ဘာ ၉ ရက်တွင် ပြောကြားလိုက်သည်။

စက်တင်ဘာ ၉ ရက်တွင် Fox News သတင်းထောက်က ဖော်စီနှင့် ပတ်သက်သည့် သတင်းများ ထပ်မံထွက်ရှိနေသော်လည်း ၎င်း၏ အလုပ်နေရာအတွက် စိတ်ချရမည်လားဟု မေးမြန်းခြင်းအပေါ် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ ယန်ပီဆာကီက မဆိုင်းမတွပင် ‘ကောင်းပါတယ်’ ဟု တစ်ခွန်းတည်း ပြန်လည်ဖြေဆိုခဲ့သည်။

ဖော်စီက ၎င်းအချိန်အတော်ကြာ ဦးဆောင်ခဲ့သည့် နိုင်ငံတော် ကျန်းမာရေးအဖွဲ့အစည်းနှင့် ဓာတ်မတည့်ရောဂါနှင့် ကူးစက်ရောဂါများဆိုင်ရာဌာနက မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအား သုတေသနလုပ်ဆောင်ရန် တရုတ်ဓာတ်ခွဲခန်းများသို့ အမေရိကန်၏ ကူညီပံ့ပိုးမှုဆိုင်ရာ ဘတ်ဂျက်မှ ငွေကြေးမပေးခဲ့ကြောင်း ပြောကြားထားပြီး ဖြစ်သည်။

ဗိုင်းရပ်စ်တို့၏ အလေ့အထကို လေ့လာရန် ၎င်းတို့အား အားမြှင့်ပေးရသည့် အဆိုပါ သုတေနသလုပ်ငန်းအတွက် SARS-CoV-2 ဟုခေါ်သည့် ရောဂါပိုးကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းက ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာန သို့မဟုတ် အခြား ဓာတ်ခွဲခန်းတစ်ခုခုတွင် လုပ်ဆောင်ခဲ့ကြောင်း အချို့က ယုံကြည်ထားကြသည်။

သတင်းအချက်အလက် လွတ်လပ်မှုဆိုင်ရာအဖွဲ့မှတစ်ဆင့်ရရှိပြီး စုံစမ်းဖော်ထုတ်ရေးသားသည့် Intercept သတင်းဌာနက ဖော်ပြခဲ့သည့် အချက်အလက်များကြောင့် ဖော်စီ၏ ယခုကိစ္စအပေါ် ယခုသီတင်းပတ်အတွင်းက အာရုံစိုက်လာခြင်း ဖြစ်သည်။

အဆိုပါ အချက်အလက်များတွင် တရုတ်နှင့် နီးကပ်သော မိတ်ဖက်ဖြစ်သောကြောင့် စောင့်ကြည့်ခံနေရသော နယူးယောက်မြို့အခြေစိုက် EcoHealth Alliance အဖွဲ့ သို့ ၂၀၁၄ ခုနှစ်က ဒေါ်လာ ၃ ဒသမ ၁ သန်း ကူညီထောက်ပံ့ခဲ့ခြင်းနှင့် လည်း ပါဝင်သည်။ စောင့်ကြည့်ခံရသည့် အခြားအချက်တစ်ခုမှာ အဆိုပါ ဓာတ်ခွဲခန်းတွင် သိပ္ပံလုပ်ငန်းဆိုင်ရာ မတော်တဆဖြစ်မှုကြောင့် ကပ်ရောဂါ ဖြစ်ပွားရခြင်း ယူဆချက်အပေါ် အဖွဲ့၏ အမှုဆောင်အရာရှိဖြစ်သူ ပီတာဒက်ဇက်က မဆိုင်းမတွ ငြင်းဆန်ခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။

Intercept ၏ သတင်းတွင် ထောက်ပံ့ငွေ ဒေါ်လာ ၃ ဒသမ ၁ သန်းအနက် ဒေါ်လာ ၅၉၉ ၀၀၀ ကို ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနသို့ EcoHealth Alliance က ပေးခဲ့ကြောင်းနှင့် သုတေသနပညာရှင်များက WIV1 ခေါ်သော် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို လေ့လာခဲ့ကြောင်း ဖော်ပြထားသည်။

ဝူဟန်တွင် အမေရိကန်၏ ရန်ပုံငွေနှင့် ဆောင်ရွက်သည့် သုတေသနလုပ်ငန်းသည် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုးဆိုင်ရာ စံနှုန်းများအညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်အရာရှိများက ငြင်းဆိုထားသည်။

WIV1 ဗိုင်းရပ်စ်ပိုး တည်ရှိမှုကို များစွာလျှိူ့ဝှက်ထားခြင်း မရှိသော်လည်း အမေရိကန်ဇီဝဆေးဝါးဌာနက တရုတ်နိုင်ငံတွင် ပြုလုပ်သည့် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး သုတေသနကို ငွေကြေး ပံ့ပိုးပေးခဲ့ခြင်းမရှိကြောင်း ဖာစီယခင်၏ ပြောဆိုချက်အပေါ် Intercept ၏ သတင်းက ဆန့်ကျင်သလို ဖြစ်နေသည်။

“လက်ရှိ ကပ်ရောဂါကို ဖြစ်စေရာမှာ အန္တရာယ်အလွန်ကြီးတဲ့ သုတေသနအတွက် ဒါဟာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်” ဟု သုတေသနပညာရှင်တစ်ဦးက Intercept သို့ ပြောကြားခဲ့သည်။

WIV1 မှ SARS-CoV-2 သို့ ပြောင်းလဲသွားသည့် အထောက်အထားကို မတွေ့ရှိရသေးသလို အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့် ၁၉၈၀ ပြည့်ကာလများတွင် လူသိများလာသည့် ဖော်စီက အမေရိကန်နှင့် မိတ်ဖက်ဆောင်ရွက်မှုများတွင် မလျှော်ကန်စွာ သို့မဟုတ် ရည်ရွယ်ချက်ရှိစွာ ဆောင်ခဲ့ရွက်ခဲ့သည့် အထောက်အထား မတွေ့ရှိရပေ။

Intercept ၏ ဖော်ထုတ်ရေးသားမှုကြောင့် ကိုဗစ်ကပ်ရောဂါသည် ၂၀၂၂ ခုနှစ်အထိ ဆက်လက်ရှိနေသည့် လက္ခဏာများအပါအဝင် မေးခွန်းသစ်များကို ထွက်ပေးလာစေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly