နတ်မောက်မြို့နယ်ရှိ Mytel တာဝါတိုင် ၂ခုကို ဖျက်ဆီးနိုင်ကြောင်း ဗိဿနိုး PDF ထုတ်ပြန်

နတ်မောက်မြို့နယ်ရှိ Mytel တာဝါတိုင် ၂ခုကို ဖျက်ဆီးနိုင်ကြောင်း ဗိဿနိုး PDF ထုတ်ပြန်

စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရှိ အကြမ်းဖက် စစ်ကောင်စီ၏ Mytel တာဝါတိုင် နှစ်ခု ကို စက်တင်ဘာလ ၁၁ ရက်နေ့ ည၉နာရီ အချိန်ခန့်တွင် ဗုံးခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကမဇ္ဈိမသတင်းဌာနကိုအတည်ပြု ပြောသည်။

မဇ္ဈိမသတင်းဌာနက လက်ခံရရှိသည့် ဓာတ်ပုံများတွင် လဲဘူးကျေးရွာအုပ်စု ၊သပွတ်ပင်ကျေးရွာရှိ Mytel တာဝါတိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်ခြေရှိ System ပုံးမီးလောင်ကျွမ်းမှုများကို ‌မြင်တွေ့ရသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉နာရီအချိန်ခန့်တွင် သမုန်းကုန်းကြီးကျေးရွာအုပ်စု ၊သမုန်းကုန်းကြီး ရွာအလည်ပိုင်းရှိ Mytel တာဝါတိုင်ကိုမီးရှို့ဖျက်ဆီးခြင်း နှင့် လဲဘူးအုပ်စု၊ သပွတ်ပင်ကျေးရွာ အရှေ့ဘက်ရှိ Mytel တာဝါတိုင်ကို ဗုံးခွဲ့ဖျက်ဆီးခဲ့ကာ တပြိုင်နက် တာဝါတိုင် ၂ခုကိုတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ Mytel တာဝါတိုင် ခုနှစ်ခုကို ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ၎င်းတို့ရဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင်များ ဗုံးဖောက်ခွဲ ဖျက်ဆီး ခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းနှင့်ခုနှစ်မိုင်အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များ အဖျက်အဆီး မခံရရေး အတွက် စစ်တပ်နှင့်ပူးပေါင်း လုပ်ခြုံရေး ဆောင်ရွက်ဖို့ကို ညွှန်ကြားထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required