မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့်အပစ်ခံရ

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့်အပစ်ခံရ

စက်တင်ဘာ ၁၁

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်အပစ်ခံရကြောင်း မြို့နယ်တွင်နေထိုင်သူများက ပြောသည်။

ညနေ ၆ နာရီခွဲခန့်တွင် (၁) ရပ်ကွက် မြို့သစ် (၄) လမ်းရှိ လဘက်ရည်ဆိုင်တစ်ဆိုင်တွင် (၂)လမ်း ရာအိမ်မှူး စိန်သောင်းဆိုသူမှာ လဘက်ရည်သောက်နေစဥ် သေနတ်ဖြင့်အပစ်ခံရခြင်းဖြစ်သည်။

" အပစ်ခံရတာ စိန်သောင်းတဲ့။ သေမသေတော့ မသိသေးဘူး" ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် (၄) လမ်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိကာ စစ်ဆေးနေပြီး ဆဲဆိုခြင်းများလည်း ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly