မန္တလေးကန်တော်ကြီးပတ်လမ်းအနီး စစ်ကား ဗုံးခွဲခံရ၊ စစ်သား၂ ဦးထိ

မန္တလေးကန်တော်ကြီးပတ်လမ်းအနီး စစ်ကား ဗုံးခွဲခံရ၊ စစ်သား၂ ဦးထိ

စက်တင်ဘာ ၁၁

မန္တလေး ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းအရှေ့ဘက်ထိပ်မီးပွိုင့်တွင် အစောင့်ချထားသည့် စစ်ကားတစ်စီး ယနေ့ ညနေ ၅နာရီခွဲခန့်က ဗုံးခွဲတိုက်ခိုက်ခံရသည်။

တိုက်ခိုက်မှုအတွင်း အနည်းဆုံး စစ်သားနှစ်ဦး သေဆုံးဖွယ်ရှိကြောင်း မျက်မြင်တွေ့သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

"ကန်တော်ကြီးထိပ် စစ်ကိုင်းမန္တလေးလမ်း မီးပွိုင့်မှာပါ၊ အဲ့နားမှာကင်းချထားတဲ့ စစ်ကားတစ်စီးဒီရက်ပိုင်းသတိထားမိတယ်။ အဲဒီကားကိုဗုံးနဲ့လှမ်းပစ်သွားတာတဲ့၊ ကျွန်တော်တို့အဲဒီဘက်ဖြတ်တော့ ဆေးရုံကားတွေလည်းယောက်ယက်ခတ်နေတယ်။ စစ်သားနှစ်ယောက်သေတယ်၊ ဒဏ်ရာရတာတွေလည်းရှိတယ်လို့ပြောတာပဲ" ဟု မြို့ထဲအလုပ်ဆင်းပြီးအိမ်ပြန်လာသည့် အမရပူရမြို့နယ်ဒေသခံတစ်ဦးကပြောသည်။

ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်များသည် မီးပွိုင့်အနီးတစ်ဝိုက် အင်အားအများအပြားဖြင့် လမ်းသွားလမ်းလာများကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုည ၈နာရီအထိလည်း အနီးအနားက ရပ်ကွက်များထဲ ဝင်ရောက်စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly