ဖားကန့်မြို့ရှိ စစ်ကာင်စီစခန်းချရာ ဗျူဟာကုန်းပေါ် ရဟတ်ယာဉ် ၃စီးဖြင့် ပစ္စည်းလာချ

ဖားကန့်မြို့ရှိ စစ်ကာင်စီစခန်းချရာ ဗျူဟာကုန်းပေါ် ရဟတ်ယာဉ် ၃စီးဖြင့် ပစ္စည်းလာချ

စက်တင်ဘာ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ် သုံးစီးဖြင့် ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီခန့်က လက်နက်များဟု ယူဆ၍ရနိုင်သည့် ပစ္စည်းတချို့လာချသွားကြောင်း ဒေသခံများက မဇ္ဈိမသို့ သတင်းပေးပို့ထားသည်။

" စစ်ရဟတ်ယာဉ် စုစုပေါင်း ၃စီး ပျံနေတာ။ တစ်စီးက အပေါ်ကနေ ကင်းစောင့်ပေးနေတာလား မသိဘူး။ တစ်စီးအရင်ဆင်းလာပြီး လက်နက်လာချသွားတယ်။ ပထမတစ်စီးက ပစ္စည်းချတာ ၁၅မိနစ်ကြာတယ်။ နောက်တစ်စီးက ၈ မိနစ်ကြာတယ်။ အရင်ရက်ကလည်း အဲလိုပဲ။ လက်နက်‌ တွေလာချတာထင်တယ်။ ဒီမှာတော့ အင်တာနက်လည်း မရဘူး။ စစ်ရေးတင်းမာလာမှာလားဆိုပြီး အားလုံး စိုးရိမ်နေကြတယ်" ဟုဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၉ ရက်ကလည်း ဖားကန့်မြို့ပေါ်တွင် စစ်ရဟတ်ယာဉ်များပျံဝဲခဲ့ပြီး တပ်မ( ၃၃ )စခန်းချရာ ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းပေါ် လေယာဉ်ဆင်းသက်မှု ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်မြို့နယ်သည် စစ်ကောင်စီတပ်များနှင့် KIA တို့ မကြာခဏထိတွေ့ တိုက်ပွဲဖြစ်လေ့ရှိသည့် ဒေသဖြစ်ပြီး ဩဂုတ် ၂၀ ရက်ကစ၍ အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly