မကွေးဆက်သွယ်ရေးတာဝါတိုင်များတွင် အစောင့်ကျမည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ CDM ဝင်လျှင် ကျပ်သိန်း ၃၀ ချီးမြှင့်မည်

မကွေးဆက်သွယ်ရေးတာဝါတိုင်များတွင် အစောင့်ကျမည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ CDM ဝင်လျှင် ကျပ်သိန်း ၃၀ ချီးမြှင့်မည်

စက်တင်ဘာ ၁၁

မကွေးတိုင်းအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များတွင် အစောင့်ကျမည့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင်များ အနေဖြင့် လက်နက်နှင့်အတူ CDM ဝင်လျှင် ဗိုလ်မထား ဦးဆောင်သည့် မကွေး PDF အဖွဲ့မှ တစ်ဦးလျှင် ကျပ်သိန်း ၃၀ ချီးမြှင့်သွားမည်ဟု မကွေး PDF အဖွဲ့က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၉ ရက် တစ်ရက်တည်းတွင် စစ်အုပ်စုပိုင် ဆက်သွယ်ရေးတာဝါတိုင် ၃၆ ခု ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် Mytel နှင့် MPT ဆက်သွယ်ရေးတာဝါတိုင်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားစာတစ်စောင် ထွက်ပေါ်လာပြီးနောက် မကွေး PDF အဖွဲ့မှ အစောင့်ကျမည့်သူများကို CDM ဝင်ရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

"CDM ဝင်လာတဲ့သူတွေကို လုံခြုံ စိတ်ချရတဲ့နေရာကို ပို့ပေးမှာ ဖြစ်သလို မိသားစုဝင်တွေကို ချိတ်ဆက်ပြီး ကျပ်သိန်း ၃၀ကိုပေးသွားမယ်။PDFတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်လိုက ဝင်နိုင်ပါတယ်။"ဟု ဗိုလ်မထားက ပြောသည်။

ဗိုလ်မထား ဦးဆောင်သည့် မကွေး PDF အဖွဲ့အနေဖြင့် ပြည်သူလူထုကို ကာကွယ်၍ စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။

Photo-CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly