အင်းစိန်လမ်းမပေါ်တွင် ပေါက်ကွဲမှုဖြစ်

အင်းစိန်လမ်းမပေါ်တွင် ပေါက်ကွဲမှုဖြစ်

စက်တင်ဘာ ၁၁

လှိုင်မြို့နယ် ဘူတာရုံလမ်းနှင့် အင်းစိန်လမ်းမပေါ်တွင် စက်တင်ဘာ ၁၁ရက် နေ့လည် ၃နာရီ ၁၅မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။

" ပေါက်ကွဲတာက အစ်မတို့ဒီဘက် ခပ်လှမ်းလှမ်းကတောင် အကျယ်ကြီးကြားရတယ်။ ဘယ်နေရာလဲတော့ အတိအကျမသိသေးဘူး''ဟု အဆိုပါအနီးအနားနေထိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် သွားလာနေသည့် ကားများမှ နောက်ပြန်လှည့်သွားနေကြသည်ကိုလည်း တွေ့ရသည်။

ယင်းလမ်းမပေါ်မှ ကား ပြန်လှည့်လာသူတစ်ဦးက" အင်းစိန်လမ်းမပေါ်ပဲ ပေါက်ကွဲသွားတာ။ အဲ့နားမှာ အဲ့ကောင်တွေရှိနေတယ်လေ ။ပေါက်ကွဲတာနဲ့ စစ်ဆေးတော့မှာသိနေတာပဲ ။ ဒီကောင်တွေအခွက်တွေ မကြည့်ချင် စကားတွေမပြောချင်လို့ ကားပြန်လှည့်လိုက်တာ ''ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly