ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီဖမ်းဆီးသွား

By ယမုံ
11 September 2021
ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီဖမ်းဆီးသွား

စက်တင်ဘာ၁၁ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တချို့ကို စက်တင်ဘာ၉ရက် ညတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက လာရောက်ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသူများတွင် စည်သူစတီးလုပ်ငန်း၊ ဝင်းမြင့်လေးသစ်စက်၊ Footvilla၊ Nicety Cafe'၊ Km Mobile နှင့် Mg Oo Factory အပါအဝင် လုပ်ငန်းရှင် ၁၀ ဦးခန့်ပါရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် ဘားအံမြို့မှ လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး စစ်ကောင်စီဘက်မှ တစ်ယောက်လျှင် သိန်း၂,၀၀၀ နှင့် လာရွေးရန် သတင်းထွက်ပေါ်နေသည်ဟု Hpa-An News တွင်ဖော်ပြထားသည်။

"ဖမ်းဆီးခံရတဲ့ လူစာရင်းကို အတည်ပြုနိုင်ပေမယ့် ကျပ်သိန်း၂,၀၀၀နဲ့ လာရွေးဖို့ဆိုတဲ့အချက်ကို အတည်မပြုနိုင်သေးဘူး " ဟုနီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

၎င်းတို့ကို မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးသည့်အပြင် မိသားစု၀င်များက အဆက်သွယ်မရသေးသည့်အတွက် စိုးရိမ်ပူပန်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly