အာဖဂန်နှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးရန် အမေရိကန်နှင့် ရုရှားအရာရှိများ အိန္ဒိယသို့ ရောက်ရှိ

အာဖဂန်နှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးရန် အမေရိကန်နှင့် ရုရှားအရာရှိများ အိန္ဒိယသို့ ရောက်ရှိ

အိန္ဒိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးအက်စ်ဂျိုင်းရှန်ကာနှင့် အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် တို့ အပါအဝင် အိန္ဒိယထိပ်တန်းခေါင်းဆောင်များသည် ရုရှားအမျိုးသားလုံခြုံရေးအေဂျင်စီအကြီးအကဲ နီကိုလေး ပက်ထရက်ဟက်ဗ်၊ CIA အကြီးအကဲ ဝီလျံ ဘန်းတို့နှင့် တွေ့ဆုံရာတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေနှင့် ဒေသတွင်းလုံခြုံရေးအပေါ်သက်ရောက်မှုများကို သီးခြားတွေ့ဆုံမှုများတွင် အဓိကထား ဆွေးနွေးခဲ့ကြသည်။

သြဂုတ်လ ၂၄ ရက်က မိုဒီနှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ တယ်လီဖုန်းဆက်သွယ်ပြောဆိုပြီးနောက် စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုစီးပွားအခြေအနေများကို အမြင်ဖလှယ်ချက်များကို စက်တင်ဘာ ၈ရက် ရုရှားအမျိုးသားလုံခြုံရေးအေဂျင်စီအကြီးအကဲ နီကိုလေး ပက်ထရက်ဟက်ဗ်နှင့် အစည်းအဝေးများက ထင်ဟပ် ပြသခြင်းဖြစ်ကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

“ အာဖဂန်အခြေအနေအပါအဝင် ဒေသတွင်း တည်ငြိမ်မှုကိုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ရည်ရွယ်ချက်ကို နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုခဲ့ကြသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ရေး၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတရားမဝင် ကူးသန်းရောင်းဝယ်မှုကို အဓိထားသည့် လုံခြုံရေးနယ်ပယ်တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် ရေးများ ကို ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၇ရက်ကလည်း CIA အကြီးအကဲ ဝီလျံ ဘန်းတို့နှင့် ထိပ်တန်းအိန္ဒိယ ခေါင်းဆောင်များ တွေ့ဆုံမှုတွင် အာဖဂန်နစ္စတန်အခြေအနေတွင် မဟာဗျူဟာမြောက် အနေ အထားများ တည်ဆောက်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို အဓိထားဆွေးနွေးခဲ့ကြသည်။

ဝီလျံ ဘန်းသည် ထောက်လှမ်းရေးနှင့် လုံခြုံရေးကဏ္ဍမှ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်အပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယနှင့် အမေရိကန်အရာရှိများက လျှို့ဝှက်ထားခဲ့သော်လည်း ရင်းမြစ်များက အာဖဂန်အခြေအနေအားဆွေးနွေးရန် အိန္ဒိယသို့ လာရောက်ခဲ့သည့် သူ၏ ခရီးစဉ်နှင့် အစီအစဉ်များကို အတည်ပြုခဲ့သည်။ သူသည် ပါကစ္စတန်သို့လည်းသွားရန် စီစဉ်ထားသည်။

မူလာအက်ဒူလ်ဂါနီဘာဘာဒါအပါအဝင် တာလီဘန်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဘန်းသည် သြဂုတ်လက အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly