မန္တလေး သပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားနှင့်တိုက်ပြီး ဖြိုခွင်း၊ ၁ဦး သေဆုံး ၂ဦးဖမ်းခံရ

မန္တလေး သပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားနှင့်တိုက်ပြီး ဖြိုခွင်း၊ ၁ဦး သေဆုံး ၂ဦးဖမ်းခံရ

မန္တလေး၊ စက်တင်ဘာ ၁၁

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ချမ်းသာရ ဘုရားအနီးတွင် စက်တင်ဘာ ၁၁ရက်၊ နံနက်ပိုင်းက ချီတက်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီ အဖွဲ့က ကားနှင့်တိုက်ကာ ဖြိုခွင်းပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

လတ်တလောတွင် နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးသေဆုံးကြောင်း သတင်းရရှိထားသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဆိုင်ကယ်တစ်စီးကိုကားဖြင့်တိုက်ဖမ်းရာက တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုသို့ အကြမ်းဖက် ဖြိုခွင်းမှုများရှိနေသော်လည်း မန္တလေးမြို့တွင် နေ့စဥ် ချီတက်ဆန္ဒပြခြင်းများရှိနေဆဲဖြစ်သည်။

ပုံစာ - ဆန္ဒပြ ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီက ကားဖြင့်ဝင်တိုက်ရာ အုတ်တံတိုင်းပြိုကျသွားပုံ။ (ပေးပို့-CJ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required