မန္တလေးတွင် ဖောက်ထွင်းမှုများ ညစဉ်ဖြစ်ပွားနေ

မန္တလေးတွင် ဖောက်ထွင်းမှုများ ညစဉ်ဖြစ်ပွားနေ

စက်တင်ဘာ ၁၁

မန္တလေးမြို့တွင် အုပ်စုဖွဲ့ ဖောက်ထွင်းမှုများ ညစဉ် ဖြစ်ပွားနေခြင်းကြောင့် မြို့ခံများအနေဖြင့် စိုးရိမ်ပူပန်‌နေကြောင်း သိရသည်။

ညစဉ် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ လှည့်ပတ်နေသည့်ကြားက ဖောက်ထွင်းမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

စက်တင်ဘာ ၈ရက် မှစတင်ပြီး အုပ်စုဖွဲ့ ဖောက်ထွင်းမှုများ ပိုမိုဖြစ်ပွားနေခြင်းဖြစ်သည်။

၆၃လမ်းနှင့် ၆၄လမ်းကြား၊ ၃၇လမ်းနှင့်၃၈လမ်းကြားတွင် စက်တင်ဘာ ၈ရက် တစ်ညတည်းမှာပင် နေအိမ် ခုနှစ်လုံး ဖောက်ထွင်းခံခဲ့ရပြီး မျက်မြင်တစ်ဦး၏ အဆိုအရ လိုက်ထရပ်ကားတစ်စီးနှင့် လူ၁၃ဦးခန့် ပါဝင်ခဲ့ကြောင်းသိရသည်။

"ဖောက်ထွင်းနေတာကို မြင်ရင်တောင် အော်ဟစ်ပြီး ဘေးအိမ်ကို အကူအညီမတောင်းရဲဘူး။အသက်အန္တရာယ်စိုးရိမ်ရတယ်လေ။ ဘယ်ကိုမှလည်း တိုင်ကြားလို့ရနိုင်မယ့် အခြေအနေမရှိဘူး။ အခုလိုအခြေအနေမျိုးမှာက" ဟု အဆိုပါမျက်မြင်တစ်ဦး ကပြောသည်။

မန္တလေးမြို့တွင် ထိုသို့ အုပ်စုဖွဲ့ ဖောက်ထွင်းမှုများဖြစ်ပွားနေသည့်အပြင် လမ်းမများပေါ်တွင်လည်း အုပ်စုဖွဲ့ လုယက်ခြင်းများ မကြာခဏဖြစ်ပွားနေကြောင်းသိရသည်။

ပုံစာ-မန္တလေးမြို့ ၆၃လမ်းနှင့် ၆၄လမ်းကြား၊ ၃၇လမ်းနှင့် ၃၈လမ်းကြားတွင် စက်တင်ဘာ ၈ရက် ညပိုင်းက ဖောက်ထွင်းခံရသော အိမ်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly