ချင်းပြည်နယ်၌ တစ်ပတ်အတွင်း CDM ဝင်လာသည့်ရဲတပ်ဖွဲ့ဝင် ၂၀ကျော်ရှိ

ချင်းပြည်နယ်၌ တစ်ပတ်အတွင်း CDM ဝင်လာသည့်ရဲတပ်ဖွဲ့ဝင် ၂၀ကျော်ရှိ

ချင်းပြည်နယ် ၊ စက်တင်ဘာ-၁၁

ပြည်သူဘက်ရပ်တည်ကာ CDM ဝင်ရောက်လာသည့် ချင်းပြည်နယ် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်ဦးရေမှာစက်တင်ဘာလ ၁ရက်မှ ၁၁ ရက်အထိ ဦးရေ ၂၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

ယနေ့စက်တင်ဘာ ၁၁ ရက်တွင် ချင်းပြည်နယ်အကူတပ်ဖွဲ့ခွဲမှရဲအရာခံဗိုလ်အပါအဝင် သုံးဦးနှင့်

ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီးတစ်ဦး၊တပ်ကြပ်တစ်ဦးနှင့်တပ်သားတစ်ဦးတို့လည်း CDMတွင်ပါဝင်လာခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၀ရက်က လည်း ချင်းပြည်နယ်ရဲတပ်ဖွဲ့ ၊ပြည်နယ်ရုံးမှ ရဲတပ်သားသုံးဦးCDMဝင် လာခဲ့ကြ‌သေးသည်။

ချင်းပြည်နယ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ဝင်အများအပြား CDMလုပ်ဆောင်ခဲ့ကြသည့်အတွက် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၃၅၀ ဦးကို ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နေရာများ၌ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဟု စက်တင်ဘာ ၆ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly