လူထုကို အကြောက်တရားသွတ်သွင်းနေတဲ့ စစ်တပ်

11 September 2021
လူထုကို အကြောက်တရားသွတ်သွင်းနေတဲ့ စစ်တပ်

စစ်တပ်တစ်ခုမှာ အမိန့်ဟာ အရေးကြီးပါတယ်။ အမိန့်မပေးဘဲ မှားယွင်းလုပ်ဆောင်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်တပ်လေ့ ရှိပါတယ်။ သို့သော် စစ်အုပ်စုခေါင်းဆောင်တွေ ကိုယ်တိုင်က လုပ်စေချင်တဲ့ ကိစ္စရပ်မျိုးဆိုရင်တော့ စနစ်တကျ စီမံကိန်းချ၊ ပေါ်လစီချပြီး လုပ်ဆောင်လေ့ရှိပါတယ်။ဒီကနေ့ မီဒီယာတွေက ရေးသားကြသလို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်၊ ဖမ်းဆီး၊ ပစ်သတ်ခံနေရတဲ့သူတွေဟာ စစ်အာဏာရှင် စနစ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့၊ ဆန္ဒပြတော်လှန်မှုမျိုးစုံကို နည်းပေါင်းစုံနဲ့ ထောက်ခံအားပေး၊ ကူညီနေတဲ့ ပြည်သူ့အစု အဖွဲ့က လူတွေကို ပစ်မှတ်ထား လုပ်နေတာကို တွေ့ရမှာပါ။ ဒီလိုလုပ်ဖို့အတွက်လည်း စစ်အုပ်စုက ပေါ်လစီချ လုပ်ကိုင်နေတယ်လို့ ဆိုရမှာပါ။ အကြောင်းမဲ့ မဟုတ်ပါဘူး။ ရည်ရွယ်ချက် ရှိရှိနဲ့ကို ရိုက်ပြ၊ နှက်ပြ၊ လူသတ်ပြနေတာပါ။ စစ်အုပ်စု အမြစ်ပြုတ်ရေးကို လက်နက်နဲ့ပါ တော်လှန်နေတဲ့ ပြည်သူအစုအဖွဲ့ဆီက ရိက္ခာ၊ အထောက်အပံ့တွေ မရောက်အောင် ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်ပြ၊ လူသတ်ပြပြီး အကြောက်တရားတွေ ဝင်အောင် သွတ်သွင်းနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly