စစ်ကောင်စီ ပစ်ခတ်၍ DENKO ဆီဆိုင် ဝန်ထမ်း သေဆုံး

စစ်ကောင်စီ ပစ်ခတ်၍ DENKO ဆီဆိုင် ဝန်ထမ်း သေဆုံး

စက်တင်ဘာ ၁၀

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်၏ မြောက်ဘက် ရွှေကျင်ကွေ့အနီး DENKOဆီဆိုင် ရှေ့တွင် သန့်ရှင်းရေးလုပ်ကိုင်နေသည့် ဝန်ထမ်းအမျိုးသမီး တစ်ဦးသည် စစ်ကောင်စီပစ်ခတ်သည့် ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုကို ရှောင်ပြေးသည့် ဆိုင်ကယ်တစ်စီးနောက်သို့ စစ်ကောင်စီတပ်သားများက ကားနှင့် လိုက်လံပစ်ခတ်ရာမှ ယင်းအမျိုးသမီးကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

"သူက ဆိုင်ရှေ့သန့်ရှင်းရေး လုပ်နေရင်း ကျည်မှန်တာပဲ။သူတို့က ကားနဲ့လာပြီး ရှေ့ကကောင်တွေရပ် ၊ ရပ် လို့ ပြောတာ၊ ဆိုင်ကယ်မောင်းပြေး သူတွေကို အော်ပြောပြီး ပစ်တာပဲ"ဟု မျက်မြင်တွေ့သူတစ်ဦးကပြောသည်။

သေနတ်မှန်သည့် အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာ (နန်းတွင်း)သို့ ခေါ်ဆောင်သွားခဲ့ပြီး ယင်းအမျိုးသမီးသေဆုံးသည်ကို ယနေ့မွန်းလွဲ ၃နာရီခန့်တွင် ကြားသိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly