ထန်တလန်တွင် CNA, CDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်‌နေပြီး တိုက်ပွဲပြင်းထန်နေ

ထန်တလန်တွင် CNA, CDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်‌နေပြီး တိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ ၁၀

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ချင်းအမျိုးသားတပ်မတော် (CNA ) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CDF )ထန်တလန်တို့ပူးပေါင်းပြီး စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ဝင်တိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယနေ့နံနက်ပိုင်းက စတင်သည့် ထိုတိုက်ပွဲသည် လက်ရှိသတင်းရေးသားနေချိန်( ညနေ ၅နာရီ မိနစ် ၃၀ ဝန်းကျင်) အထိ တိုက်ပွဲမပြီးသေး‌ကြောင်း ၎င်းပြောသည်။

ထန်တလန်မြို့နယ်အတွင်းရှိ လုံလဲလ်အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်နေ ကြောင်း သိရပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ခြောက်ကြိမ်တိုင်တိုင် ဗုံးလာကြဲကြောင်း CNF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဘက်က အကျအဆုံး များနေပြီး နှစ်ဘက် ထိခိုက်မှုကို အတိအကျကို မသိရှိရသေးသော်လည်း အရပ်သား ခုနှစ်ဦးမှာ ဗုံးဒဏ်ကြောင့် ဒဏ်ရာခဲ့သည့်အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ်အချို့လည်း ဗုံးထိကာ ပျက်စီးသွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly