စက်တင်ဘာ ၁၀
စစ်ကောင်စီက စမ်းချောင်းမြို့နယ်အတွင်းရှိ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကို တစ်လမ်းမောင်းစနစ်အဖြစ် ယနေ့စတင်သတ်မှတ်လိုက်သည်။
ကျွန်းတောလမ်းအား ဟံသာဝတီဘက်မှ ဗားကရာလမ်းအထိ အသွားတစ်လမ်း မောင်း အဖြစ်လည်းကောင်း၊ ဗဟိုလမ်းအား ဗားကရာလမ်းမှ ဟံသာဝတီ ဘက်အထိ အသွားတစ်လမ်းမောင်းအဖြစ်လည်းကောင်း အသီးသီးသတ်မှတ် လိုက်ခြင်း ဖြစ်သည်။
ယင်းသို့ တစ်လမ်းမောင်းစနစ်အဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း စမ်းချောင်း မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးရုံးက လိုက်လံ နှိုးဆော်နေခြင်းဖြစ်ကြောင်း ယင်းမြို့နယ်နေသူတစ်ဦးက ဆိုသည်။
ယမန့်နေညနေ ၄နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာ လမ်းဆုံအနီး အကြမ်းဖက်စစ်ကောင်စီယာဉ်ကို သေနတ်ဖြင့်ပစ်ခတ်ခံရသည့် အပြင် ဗုံးနှစ်လုံးပါ ယာဉ်အတွင်း ပစ်ခံရသဖြင့် စစ်ကောင်စီဘက်မှ ဗိုလ်မှူး တစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးခဲ့သည်။