အာဖဂန်နစ္စတန်ရှိ ပန်ဂျာရှ်ပြည်နယ်အား တာလီဘန်တို့ တိုက်ခိုက်ခြင်းကို အီရန်ရှုတ်ချ

အာဖဂန်နစ္စတန်ရှိ ပန်ဂျာရှ်ပြည်နယ်အား တာလီဘန်တို့ တိုက်ခိုက်ခြင်းကို အီရန်ရှုတ်ချ

အာဖဂန်နစ္စတန်ရှိ ပန်ဂျာရှ်ပြည်နယ်အား တာလီဘန်တို့ တိုက်ခိုက်ခြင်းကို အီရန်က စက်တင်ဘာ ၆ရက်က ပြစ်တင်ရှုတ်ချလိုက်ပြီး တာလီဘန်များ၏ ဝန်းရံတိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာ ထောက်ထားမှုဥပဒေအရ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

“ပန်ဂျာရှ်ပြည်နယ်အတွက် နိုင်ငံရေးအဖြေတစ်ခုသာရှိပါတယ်။ ပန်ဂျာရှ်ကို ဝန်းရံတိုက်ခိုက်မှုကို နိုင်ငံတကာ ဥပဒေနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ လက်မခံနိုင်ပါဘူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခါတိဘာဒတ်ချ်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံအတွင်း နောက်ဆုံးခုခံမှုနေရာဖြစ်သည့် ပန်ဂျာရှ်ပြည်နယ်ကို တာလီဘန်များက သိမ်းပိုက်လိုက်ပြီဖြစ် ကြောင်း အခိုင်အမာပြောကြားနေသည်။

ထောင်နှင့် ချီသော တာလီဘန်တိုက်ခိုက်ရေးသမားများသည် ပန်ဂျာရှ်ပြည်နယ်ရှိ ခရိုင် ၈ခုကို ညတွင်းချင်းဖြတ်ကျော်နိုင်ခဲ့သည်ဟု Tehran Times က သတင်းဖော်ပြခဲ့သည်။

ပန်ဂျာရှ်ပြည်နယ်မှ သတင်းများသည် စိုးရိမ်စရာကောင်းကြောင်းနှင့် ပြည်နယ်အတွင်းတိုက်ခိုက်မှုကို ခါတိဘာဒတ်ချ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

သြဂုတ်လ ၁၅ ရက်တွင် ကဘူးလ်မြို့ကျဆုံးပြီးနောက် ပန်ဂျာရှ်ပြည်နယ်သည် အာဖဂန်ပြောက်ကျားတပ်မှူး ဟောင်း၏ သား ဟာမက်မာစွတ်ဂ်ဦးဆောင်သောတော်လှန်ရေးအင်အားစုများက တာလီဘန်တို့ကို ဆက်လက်တိုက်ခိုက်နေသည့် တစ်ခုတည်းသောပြည်နယ်ဖြစ်သည်။

လွန်ခဲ့သော ၄ရက်က ပြင်းထန်သော တိုက်ပွဲများကို ဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံးကအသေအပျောက်များ ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ပန်ဂျာရှ်ပြည်နယ်သည် အိမ်စောင့်အစိုးရအဖွဲ့၏ သမ္မတအဖြစ်ကြေညာခဲ့သော ဒုတိယသမ္မတဟောင်း အမ်ရူလာချ် ဆာလတ်ချ်နှင့် ဟာမက်မာစွတ်ဂ်ဦးဆောင်သော အမျိုးသားတော်လှန်ရေးအင်အားစုများ အခြေစိုက်ရာ ပြည်နယ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly