တရုတ်၏ ခါးပတ်လမ်းစီမံကိန်းက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေ

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေ

တရုတ်၏ ခါးပတ်လမ်းစီမံကိန်း(BRI) သည် ရာသီဥတုပြောင်းလဲမှုကို ခြိမ်းခြောက်နေပြီး ယင်း၏ စွမ်းအင် စီမံကိန်း ၉၀ ရာခိုင်နှုန်းနီးပါးသည် ကာဗွန်ထုတ်လွှတ်မှုများပြီး ရုပ်ကြွင်း လောင်စာများဖြင့် လည်ပတ်နေသော ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်ပေါ်စေသည်ဟု ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

ခါးပတ်လမ်းစီမံကိန်း(BRI) သည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပိုမိုများစေခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ယိုယွင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားစေလိမ့်မည်ဟု နိုင်ငံတကာအခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) က စက်တင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

ကျောက်မီးသွေးမီးရှို့ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှု၏ ၄၆ ရာခိုင်နှုန်း နီးပါးနှင့် လျှပ်စစ်ကဏ္ဍမှ ထုတ်လွှတ်မှုသည် ၇၂ ရာခိုင်နှုန်းရှိသည်။

BRI စီမံကိန်း သည် တိုက်ကြီး ၅ တိုက်ကိုဖြန့်ကျက်ထားပြီး ကမ္ဘာကြီးအားဆိုးရွားသော သက်ရောက်မှုများရှိလိမ့်မည်ဖြစ်သည်။ တရုတ်ထိန်းချုပ်မှုအောက်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာမှုနည်းကြောင်း IFFRAS က ဆိုသည်။

“ တရုတ်က တင်ပို့နေတာက စွမ်းအင်အများအပြားအသုံးချနေတဲ့ တရုတ်ဖွံ့ဖြိုးရေးပုံစံဘဲ၊ တားမြစ်ချက်တွေ မပါပါဘူး” ဟု Woodrow Wilson Center တွင် တရုတ်သဘာဝပတ်ဝန်းကျင်ဖိုရမ်၏ ဒါရိုက်တာ ဂျက်နီဖာတန်နာက ပြောကြားခဲ့သည်။

ခါးပတ်လမ်းစီမံကိန်းတွင် ပါရှိသည့် စီမံကိန်းအများစုသည် ရုပ်ကြွင်း လောင်စာများအပေါ် မှီခိုနေရသော်လည်း တရုတ်အစိုးရက သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် စိမ်းလန်းရေး စီမံကိန်းအဖြစ် သတ်မှတ်ထားသည်။

စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးတွင် တရုတ်စီမံကိန်းများကို သမားရိုးကျနည်းလမ်းအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ရင်းမြစ်အင်စတီကျူ့ (WRI) က ဆိုသည်။

သမားရိုးကျပုံစံအတိုင်းစီမံကိန်းများသည် ကာဗွန်လျော့ချမှုဖြင့် ဖွံ့ဖြိုးမှုဖော်ဆောင်ရေး မဟာဗျူဟာများနှင့် ရည်ရွယ်ချက်များကို ကတိပြုလိမ့်မည်မဟုတ်ကြောင်း IFFRAS က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly